International Celebrity: ဘာသာရေးကို ဆန့်ကျင်တဲ့ ပုံတွေတင်လို့ အီရန်မော်ဒယ်တွေ အဖမ်းခံရ

အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ပုံတွေကြောင့် အဖမ်းခံခဲ့ရတာပါ။

play

 

အမျိုးသမီများက သူတို့ရဲ့ဆံပင်တွေကို လှစ်ဟပြခြင်းအပါအဝင် အစ္စလမ်ဘာသာကို ဆန့်ကျင်တဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က လိုက်လံနှိပ်နင်းနေရာ လောလောဆယ် အနည်းဆုံး မော်ဒယ် ၈ ဦး အဖမ်းခံခဲ့ရပါတယ်။

play

 

အင်စတာဂရမ်စသုံးနေတဲ့ လူပေါင်း ၁၇၀ ကို ဖော်ထုတ်ရန်ရှိတယ်လို့ လို့သိရပါတယ်။

play

 

အဲဒီလူတွေထဲမှာ ဓာတ်ပုံဆရာနဲ့ မိတ်ကပ်ပညာရှင် ၅၉ ဦး၊ မော်ဒယ် ၅၈ ဦးနဲ့ ဖက်ရှင်အလှပြင်ဆိုင် မန်နေဂျာနဲ့ ဒီဇိုင်နာ ၅၁ ဦး ပါဝင်တယ်လို့ MailOnline က ဆိုပါတယ်။

play

 

အဖမ်းခံခဲ့ရတဲ့ မိန်းကလေး ၈ ဦးထဲက တစ်ဦးဖြစ်တဲ့ အယ်လ်ဟမ်အာရက်ဘ်က မင်္ဂလာဝတ်စုံနဲ့ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပြီး 'အနောက်တိုင်း အပြုအမူကို အားပေးခြင်း' ပြစ်မှုနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ