International Celebrity: နတ်ဘုရားသွေးတစ်ဝက် လူသွေးတစ်ဝက် မင်းသမီးချော

အနုပညာလောကထဲကို အသက် ၁၃နှစ်အရွယ်တည်းက ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်ရင်း စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

play


အမေရိကန်မင်းသမီးချော လီဗန်ရမ်ဘင်ဟာ တက္ကဆက်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အနုပညာလောကထဲကို အသက် ၁၃နှစ်အရွယ်တည်းက ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်ရင်း စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

play


ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်မှု ပိုများတဲ့ သူမဟာ The Hunger Games ဇာတ်ကားမှာတော့ ဇာတ်ရံမင်းသမီးအဖြစ် အခန်းအနည်းငယ်မှာသာ ပါဝင်ခဲ့ပါတယ်။

play


နောက်ပိုင်းမှာတော့ ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ နာမည်ကြီး ဂရိနတ်ဘုရားဇာတ်ကား Percy Jackson: Sea of Monsters ထဲမှာတော့ Clarisse La Rue ဆိုတဲ့ နတ်ဘုရားသွေးတစ်ဝက် လူသွေးတစ်ဝက်ရှိနေတဲ့ သန်မာထက်မြက်သူ မိန်းကလေးတစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

play


Terminator: The Sarah Connor Chronicles နဲ့ Grey's Anatomy တို့လို နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေသူမို့ ပရိသတ်တော်တော်များများရဲ့ အားပေးခြင်းကို ရရှိနေတဲ့ မင်းသမီးလေးတစ်ဦးဆိုလည်း မမှားပါဘူး။ အမေရိကန်မင်းသမီးချော လီဗန်ရမ်ဘင်ကို ၁၉၉၀ ပြည်နှစ် မေလ ၁၇ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ