International Celebrity: ချစ်တင်းနှောခန်း ရိုက်တဲ့ ဗြိတိန်အလှမယ် သရဖူအသိမ်းခံလိုက်ရပြီ

သူမကိုယ်တိုင်လည်း နောင်တရနေပါတယ်။

play

 

Miss Great Britain ဇာရာဟိုလန်ဟာ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ချစ်တင်းနှောခန်းရိုက်တဲ့အတွက် သူမရဲ့ အလှမယ်ဘွဲ့ကို ပြန်ရုတ်သိမ်းခံလိုက်ရပါတယ်။

play

 

"ITV2 ရဲ့ Love Island ဇာတ်လမ်းတွဲမှာ ပြုလုပ်ခဲ့တဲ့ အရာများအတွက် Miss Britain အဖွဲ့က ဇာရာဟိုလန်ကို Miss Great Britain အဖြစ်ကနေ တရားဝင် ပြန်ရုတ်သိမ်းကြောင်း ကြေညာအပ်ပါတယ်" လို့ ယင်းအဖွဲ့အစည်းက တရားဝင်ထုတ်ပြန် ကြေညာလိုက်ပါတယ်။

play

 

"အဖွဲ့အစည်းအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့ပါးပါးချခဲ့တာ မဟုတ်ပါဘူး" လို့လည်း ယင်းအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

play

 

"လူတိုင်းက အမှားလုပ်တတ်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ဇာရာဟာ Miss Great Britain သံတမန်တစ်ယောက်အနေနဲ့ ဒီဆုအတွက် ဖြစ်သင့်တဲ့ တာဝန်ယူမှုမျိုး မရှိခဲ့ဘူး" လို့လည်း ပြောခဲ့ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ