International Celebrity: တေလာဆွစ်နဲ့ တွဲခဲ့ဖူးတဲ့ ရည်းစား (၉) ယောက်

, updated

ဘယ်သူနဲ့မှ ၂ နှစ်ပြည့်အောင် မတွဲခဲ့ဖူးပါဘူး။

play

 

အသက် ၂၆ အရွယ် ကမ္ဘာကျော်အဆိုတော်လေး တေလာဆွစ်ကို ရည်းစားများတဲ့ကောင်မလေးလို့တော့ ဆိုကြပါတယ်။ သူမ အဆိုတော်ဖြစ်ပြီးနောက်ပိုင်းမှာတင် လူသိရှင်ကြားတွဲခဲ့တာ ၈ ဦးရှိပါတယ်။ ခုတော့ နဝမမြောက်ရည်းစား ဗြိတိန်မင်းသား တွမ်ဟစ်ဒယ်လ်စတန်ကို ရည်းစားဟောင်း ကယ်ဗင်ဟားရစ်နဲ့ပြတ်ပြီး တစ်လမပြည့်ခင်မှာ ပေါ်ပေါ်ထင်ထင်တွဲလိုက်ပြန်ပါတယ်။

၁။ ဂျိုးဂျိုနက်စ် (၂၀၀၈ ခုနှစ်)

play

 

တေလာဆွစ် အဆိုတော်ဖြစ်လာပြီးနောက် ပထမဆုံးတွဲတဲ့ ရည်းစားကလည်း အဆိုတော်ပါပဲ။ ဂျိုးဂျိုနက်စ်နဲ့ လအနည်းငယ်ပဲ တွဲခဲ့ဖူးပါတယ်။ ပြတ်သွားတော့မှ ဂျိုးဂျိုနက်စ်ကို ရည်ညွှန်းပြီး Better Than Revenge သီချင်းနဲ့ စောင်းမြောင်းဆိုလိုက်ပါသေးတယ်။

၂။ လူးကတ်စ် တေးလ် (၂၀၀၉ ခုနှစ်)

play

 

အမေရိကန်သရုပ်ဆောင် လူးကတ်စ်တေးဟာ တေလာဆွစ်ရယ်လို့ လူသိများလာတဲ့ You Belong With Me သီချင်းထဲက သရုပ်ဆောင်ပါ။

၃။ ဂျွန်မေယာ (၂၀၀၉ ခုနှစ် - ၂၀၁၀ ခုနှစ်)

play

 

ဂစ်တာသမား အဆိုတော် ဂျွန်မေယာနဲ့လည်း တွဲခဲ့ဖူးပါတယ်။ တေလာရဲ့ Dear John သီချင်းဟာ ဂျွန်မေယာကို ရည်ညွှန်းသီဆိုခဲ့တာဖြစ်ပါတယ်။

၎။ တေလာလောက်တ်နာ (၂၀၁၀ ခုနှစ်)

play

 

Twilight ဇာတ်ကားထဲက သွေးစုပ်ဖုတ်ကောင်သရုပ်ဆောင်နဲ့ တွဲတုန်းကလည်း မိုးမမြင်လေမမြင် ကဲခဲ့ကြတာပါပဲ။

၅။ ဂျိတ်ခ် ရယ်လဟူးလဟေး (၂၀၁၀ ခုနှစ် - ၂၀၁၁ ခုနှစ်)

play

အမေရိကန်မင်းသား Jake Gyllenhaal နဲ့ ၂၀၁၀ နှစ်ကုန်ပိုင်းမှာတွဲပြီး ၂၀၁၁ နှစ်ဦးပိုင်းကာလမှာ လမ်းခွဲခဲ့ကြပါတယ်။

၆။ ကိုနော် ကနေဒီ (၂၀၁၂ ခုနှစ်)

play

 

၂၀၁၂ ခုနှစ်မှာတော့ တေလာဆွစ်က သူမထက် လေးနှစ်ပိုငယ်တဲ့ ကောင်လေးနဲ့ တွဲခဲ့ပါတယ်။ သူကတော့ အနုပညာသမားမဟုတ်ပါဘူး။ ကိုနော်ရဲ့ဖခင်က ရေဒီယိုအစီအစဉ်တင်ဆက်သူ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပညာရှင်အဖြစ်နဲ့ နာမည်ကျော်ပါတယ်။ သူနဲ့ငြိတော့ တေလာဆွစ်က Begin Again သီချင်းတောင် ဆိုလိုက်ပါသေးတယ်။ ၂၀၁၂ နွေရာသီမှာ ကြိုက်ခဲ့ကြပြီး အောက်တိုဘာမှာ ပြတ်စဲသွားကြတာပါ။

၇။ ဟယ်ရီစတိုင် (၂၀၁၂ ခုနှစ် - ၂၀၁၃ ခုနှစ်)

play

 

One Direction အဖွဲ့သား ဟယ်ရီစတိုင်က ကောင်မလေးတွေကြားမှာ ရေပန်းစားလွန်းသူပါ။ ဟိုတယ်ထဲကအတူထွက်လာတာကို မြင်ရပြီးနောက်မှ နှစ်ယောက်သားကြိုက်နေတာကို ဝန်ခံလိုက်ကြတာပါ။ ၂၀၁၃ ဖေဖော်ဝါရီလောက်မှာ လမ်းခွဲခဲ့ကြပြန်ပါတယ်။

၈။ ကယ်ဗင်ဟားရစ် (၂၀၁၅ ခုနှစ် - ၂၀၁၆ ခုနှစ်)

play

 

နာမည်ကျော် DJ ကယ်ဗင်ဟားရစ်ကလည်း ခေသူမဟုတ်ပါဘူး။ ရီတာအိုရာ၊ အယ်လီဂိုလ်ဒင်တို့လို ကောင်မလေးချောချောလေးတွေနဲ့ တွဲခဲ့ဖူးသူပါ။ တေလာဆွစ်နဲ့ ၁၅ လလောက် တွဲခဲ့ပြီး ဇွန်လအစပိုင်းမှာ ပြတ်သွားကြပါတယ်။ တေလာဆွစ်နဲ့ လက်ထပ်ဖို့ ကယ်ဗင်ဟားရစ်က ငြင်းဆိုလို့ပါတဲ့။

၉။ တွမ်ဟစ်ဒယ်လ်စတန် (၂၀၁၆ ခုနှစ် - လက်ရှိ)

play

 

ကယ်ဗင်ဟားရစ်နဲ့ ပြတ်တာ ၂ ပတ်ပဲရှိပါသေးတယ်။ ခုတော့ ဗြိတိန်မင်းသား တွမ်ဟစ်ဒယ်လ်စတန်နဲ့ တွဲနေပြန်ပါပြီ။ ပါတီမှာ ပူးပူးကပ်ကပ်နေတာတွေ၊ ကမ်းခြေမှာ နမ်းရှိုက်ကြင်နာနေတဲ့ပုံတွေ ပျံ့နှံ့လာပြီးနောက် ပေါ်ပေါ်ထင်ထင်ပဲ ခရီးအတူသွားနေကြပါတယ်။

Source : Rolling Stone

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ