International Celebrity: အလက်ဇန္ဒြားအမ်ဘရိုစီယိုရဲ့ အရမ်းလန်းတဲ့ နွေရာသီဖက်ရှင်

သူမကြည့်ရတာ လန်းဆန်းတက်ကြွနေပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် အလက်ဇန္ဒြားဟာ အဖြူရောင်အင်္ကျီ၊ ဒူးပြဲ အဖြူရောင်ဂျင်းဘောင်းဘီနဲ့ မြင်သူတကာ မျက်စိအေးစေတဲ့ ဖက်ရှင်နဲ့ လော့ဆန်းဂျလိစ်လမ်းမပေါ်မှာ စတိုင်ကျကျ လျှောက်လှမ်းလာတာကို မြင်တွေ့ရပါတယ်။

play

 

အိတ်အဖြူလေးကို လက်မှာချိတ်ထားတဲ့ သူမဟာ တစ်ကိုယ်လုံးအဖြူရောင်ဖြစ်နေတာကို အပြားကြီးကြီး ခါးပတ်အနက်ရောင်နဲ့ တန်ဆာဆင်ထားပါတယ်။

ရွှေဆွဲကြိုး၊ ရွှေနားကွင်းနဲ့ ရွှေလက်ကောက်တွေကို ခပ်ပါးပါးဝတ်ဆင်ထားတဲ့သူမဟာ နေကာမျက်မှန် တစ်လက်ကို တပ်လို့ သူမရဲ့ နွေရာသိဖက်ရှင်ကို ပြည့်စုံစေပါတယ်။

play

 

အရင်တစ်နေ့ကလည်း သူမကို အပြာရောင် ဂျင်းစကတ်တိုကို အပြာရောင် ရှပ်လက်ရှည်လေးနဲ့ တွဲဝတ်လို့ ပေါ့ပေါ့ပါးပါး မြင်တွေ့ရပါတယ်။

play

 

အဝတ်အစားနဲ့ လိုက်ဖက်တဲ့ အဆင်တန်ဆာတွေကို ဝတ်တတ်တဲ့သူမဟာ အိတ်နဲ့ ဖိနပ်ကိုတော့ လည်သာရောင် ရွေးချယ်ခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ