International Celebrity: ငယ်စဉ်တည်းက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ဂျီဂျီနဲ့ဘယ်လာ

, updated

ညီအစ်မနှစ်ဦးရဲ့ ငယ်စဉ်ပုံရိပ်လေးကို တင်ထားပါတယ်။

play

 

နာမည်ကျော်မော်ဒယ်ညီအစ်မတွေဖြစ်တဲ့ ဂျီဂျီဟက်ဒီးနဲ့ ဘယ်လာဟက်ဒီးတို့က တကယ့်ကို ရင်းနှီးတဲ့ဆက်ဆံရေး ရှိကြသူတွေပါ။ ငယ်စဉ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ရှိကြပုံကိုလည်း ဘယ်လာက သက်သေပြလိုက်ပါတယ်။

play

 

တနင်္လာနေ့က ဘယ်လာရဲ့ အင်စတာဂရမ်မှာ ညီအစ်မနှစ်ဦးရဲ့ ငယ်စဉ်ပုံရိပ်လေးကို တင်ထားပါတယ်။ အပြာရောင်အင်္ကျီ ဆင်တူလေးဝတ်ထားကြပြီး ဂျီဂျီက ဘယ်လာကို ပွေ့ဖက်ထားတဲ့ပုံရိပ်ပါ။ နှစ်ဦးသား ပြုံးရွှင်ရယ်မောနေပုံကလည်း ချစ်စရာကောင်းလွန်းပါတယ်။

play

 

ဂျီဂျီဟက်ဒီးတစ်ယောက် နာမည်ကြီးမော်ဒယ်ဖြစ်လာပြီးနောက်မှာ ညီမငယ် ဘယ်လာဟက်ဒီးကလည်း ၂၀၁၅ ခုနှစ်ကစလို့ တစ်ရှိန်ထိုး နာမည်တက်လာကာ ရှိုးပွဲနဲ့ ကော်ဇောနီလျှောက်လမ်းတွေမှာ အထင်ရှားဆုံးအဖြစ်နဲ့ လူတွေရဲ့အာရုံကိုသိမ်းပိုက်နိုင်သူပါ။

Source : Bella Hadid Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ