play

 

ဇူလိုင် ၂၀၁၆ ထုတ် Allure မဂ္ဂဇင်းကာဗာအတွက် ဓာတ်ပုံရိုက်ကူးပေးရင်း အင်တာဗျူးမှာ ဇိုဝီဆယ်လ်ဒန်နာက ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

ဆက်စီကျတဲ့ သရုပ်ဆောင်မှုကြောင့် နာမည်ကြီးတဲ့ မင်းသမီးဟာ ဇာတ်ကားတစ်ကားမှာ သူမကို သူမရဲ့သရုပ်ဆောင်ကျွမ်းကျင်မှုကြောင့် မဟုတ်ဘဲ ဆက်စီကျမှုကြောင့်သာ အရွေးချယ်ခံလိုက်ရတယ်ဆိုတာ သိလိုက်ရပါတယ်။

"ထုတ်လုပ်သူတစ်ယောက်က ပြောတယ်။ 'ငါ မင်းကို ရွေးတာ အတွင်းခံလေးနဲ့ သေနတ်ကိုင်တာ ကြည့်ကောင်းလို့' လို့ ပြောခဲ့တယ်" လို့ ဆယ်လ်ဒန်နာက ဆိုပါတယ်။

play

 

ဘယ်ဇာတ်ကား၊ ဘယ်ထုတ်လုပ်သူက ပြောခဲ့တယ်ဆိုတာကိုတော့ သူမက ဖော်ပြမသွားခဲ့ပါဘူး။

၂၀၁၀ ခုနှစ်တုန်းကတော့ The Losers ရုပ်ရှင်ကားထဲမှာ အတွင်းခံလေးသာ ဝတ်ထားပြီး သေနတ်ကိုင်ထားတဲ့ သူမကို မြင်ခဲ့ရဖူးပါတယ်။ အဲဒီဇာတ်ကားထဲမှာ သူမက အမေရိကန် အထူးတပ်ဖွဲ့တစ်ဖွဲ့ကို ကူညီပေးတဲ့ ဘိုလီဗီးယားနိုင်ငံသူလေးအဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။

play

 

"ကျွန်မ အဲဒီစကားတွေကို အသံသွင်းထားခဲ့မိရင်ကောင်းမှာ။ အဲဒါမှ မူလတန်းကျောင်းက ကျောင်းသူလေးတွေ အကုန်လုံးကို နားထောင်ခိုင်းပြီး ဘယ်တော့မှ အဲဒီလို ဆက်ဆံတာမခံဖို့ သူတို့ကို ပြောပြလို့ရမှာ" လို့ သူမက ပြောခဲ့ပါတယ်။

Source & Photos : E online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video