International Celebrity: ပန်းရောင်ဂါဝန်လေးနဲ့ ချစ်စဖွယ် ဂျက်စီကာအယ်လ်ဘာ

နယူးယော့ခ်စီးတီးက ပါတီတစ်ခုကို တက်ရောက်ခဲ့တာပါ။

play

 

ဇွန်လ ၁၇ ရက်ညက နယူးယော့ခ်စီးတီးမှာ သူငယ်ချင်းတချို့နဲ့အတူ ဂျက်စီကာအယ်လ်ဘာဟာ  ပါတီတစ်ခုကို ရောက်ရှိလာခဲ့တာပါ။

လည်ပင်းဗွီရှိတ်ပုံ ပန်းရောင်ဂါဝန်လေးနဲ့ သူမဟာ ရိုးရိုးယဉ်ယဉ်လေး လှနေပါတယ်။

play

 

လော့ဆန်းဂျလိစ်မှာ နေထိုင်တဲ့ သူမဟာ သူမရဲ့ Honest Company က ထုတ်လုပ်တဲ့ ဆံသား ထိန်းသိမ်းရေးပစ္စည်းသစ်တွေကို အရောင်းမြှင့်တင်ဖို့အတွက် နယူးယော့ခ်စီးတီးကို ရောက်နေတာ ဖြစ်ပါတယ်။

ကလေးနှစ်ယောက်ရဲ့မိခင် ဂျက်စီကာဟာ ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တဲ့ Honest Company ကို  ပူးတွဲတည်ထောင်သူဖြစ်ပြီး အဲဒီကုမ္ပဏီက အဆိပ်အတောက် မဖြစ်စေသော အိမ်သုံးပစ္စည်းများကို ရောင်းချနေတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် သြဂုတ်လစာရင်းအရ ကုမ္ပဏီတန်ဖိုးက ဒေါ်လာ ၁.၇ ဘီလျံ ရှိပါတယ်။

play

 

ပြီးခဲ့တဲ့သတင်းပတ်ကပဲ ဂျက်စီကာနဲ့ သူမရဲ့ခင်ပွန်းဟာ သူတို့ရဲ့သမီးကြီး ဟော်နာရဲ့ ၈ နှစ်ပြည့် မွေးနေ့ကို ကျင်းပခဲ့ပါတယ်။ သူတို့နှစ်ဦးမှာ အသက် ၄ နှစ်အရွယ် သမီးငယ်လေး ဟယ်ဗင်လည်း ရှိပါသေးတယ်။

Source & Photos : Daily Mil

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ