International Celebrity: တေလာဆွစ်က လူသနားအောင် တမင်လုပ်ခဲ့တာလို့ စွပ်စွဲတဲ့ ကင်မ်ကာဒါရှီယန်

တေလာဆွစ်က သူမခင်ပွန်းကို အပြစ်ပုံချတာလို့ ကင်မ်က စွပ်စွဲခဲ့ပါတယ်။

play

 

ကာညေးဝက်စ်က သူ့ရဲ့ ရက်ပ်သီချင်းထဲမှာ "ကျွန်တော်နဲ့ တေလာဆွစ် အတူအိပ်လို့ ရနိုင်တုန်းပဲလို့ခံစားရတယ်။ ဘာကြောင့်လဲ။ အဲဒီကောင်မကို ကျွန်တော် နာမည်ကြီးအောင် လုပ်ပေးခဲ့လို့ပဲ" လို့ ထည့်ဆိုခဲ့လို့ တေလာဆွစ်နဲ့ သူမရဲ့အသိုင်းအဝိုင်းက ကာညေးဝက်စ်ကို ဒေါသထွက်ခဲ့ကြတာ အားလုံး မှတ်မိကြဦးမှာပါ။

play

 

အဲဒီအတွက် တေလာက ဂရမ်မီဆုပေးပွဲမှာ ဆုတက်ယူစဉ် ကာညေးဝက်စ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

play

 

အခု ကင်မ်က GQ အတွက် မျက်နှာဖုံးဓာတ်ပုံရိုက်ပေးရင်း အဲဒီအကြောင်းကို အစပြန်ဖော်ခဲ့တာ ဖြစ်ပါတယ်။

play

 

"အဲဒီလို ဆိုမယ်ဆိုတာ သူသိတယ်။ သူ မသိချင်ယောင် သက်သက်ဆောင်တာ" လို့ ကင်မ်က ဆိုရင်း တေလာဆွစ်ဟာ လူသနားအောင် တမင်လုပ်တာလို့ စွပ်စွဲခဲ့ပါတယ်။

play

 

တေလာဆွစ်နာမည်ကို ထည့်သွင်းသီဆိုဖို့ ကာညေးဝက်စ်က တေလာ့ဆီကို ဖုန်းဆက်ပြီး ခွင့်ပြုချက် တောင်းခံခဲ့တယ်လို့ ကင်မ်က အခိုင်အမာ ပြောခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ