play

 

တောင်ကိုရီးယားမင်းသားချော လီမင်ဟိုကတော့ တောင်ကိုရီးယားတစ်နိုင်ငံတည်းသာမက တရုတ်အထိအောင်ကို လူကြိုက်များသူပါ။

play

 

ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Asian Cinema Pioneer ဆုပေးပွဲမှာလည်း ဆုတစ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။ ဒီပွဲကို သူက ပထမဆုံးအကြိမ်တက်ရောက်ဖြစ်ပြီး ပွဲဦးထွက်မှာပဲ ကံကောင်းသွားတယ်လို့ ဆိုရမှာပါ။

play

 

2016 Weibo Movie Night အမည်နဲ့ ဆုတစ်ဆုကို လီမင်ဟိုအတွက် ပရိသတ်တွေက လူမှုကွန်ရက် weibo ပေါ်ကနေ မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ ပရိသတ်ကိုအလွှမ်းမိုးနိုင်ဆုံးဆုရှင်အဖြစ် လီမင်ဟိုကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

Source : K Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video