International Celebrity: တေလာဆွစ်ကလည်း အားကျမခံ ကယ်ဗင်ဟားရစ်နဲ့ပုံတွေကိုဖျက်ပစ်

, updated

ရည်းစားဟောင်းနဲ့ဆိုင်သမျှကို ရှင်းထုတ်ပစ်လိုက်ပါပြီ။

play

 

ကယ်ဗင်ဟားရစ်နဲ့ နှစ်ဦးသား ချစ်ကြည်နူးခဲ့စဉ်က အမှတ်တရပုံရိပ်တွေကို တေလာဆွစ်ရဲ့ လူမှုကွန်ရက်တွေပေါ်မှာ မတွေ့ရတော့ပါဘူး။ ရည်းစားဟောင်းနဲ့ဆိုင်သမျှကို ရှင်းထုတ်ပစ်လိုက်ပါပြီ။

play
အင်စတာဂရမ်ပေါ်က ယခင်ကပို့စ်အရေအတွက်နဲ့ လက်ရှိအရေအတွက်။ ပို့စ်တွေ ဖျက်လိုက်တော့ နည်းသွားပါတယ်။
play

 

တေလာဆွစ် ဘဲအသစ်ရသွားတယ်ဆိုတဲ့သတင်းတွေ ထွက်လာပြီးချင်းမှာ ကယ်ဗင်ဟားရစ်က အရင်ဖျက်ပစ်ခဲ့တာပါ။ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်အပါအဝင် လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ပုံရိပ်တွေ အမှတ်တရတွေကို ကယ်ဗင်ဟားရစ်က ဖျက်လိုက်တာဖြစ်ပါတယ်။

play

 

ကယ်ဗင်ဟားရစ်က သူမကိုလက်မထပ်ချင်လို့ လမ်းခွဲလိုက်ရတယ်ဆိုတဲ့ အဆိုတော်မလေးကတော့ ကယ်ဗင်ဟားရစ်နဲ့ပြတ်ပြီး နှစ်ပတ်အကြာမှာ ဗြိတိန်မင်းသား တွမ်ဟစ်ဒယ်လ်စတန်နဲ့ တွဲနေပြန်ပါတယ်။

Source : Elle

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ