International Celebrity: ဘာသာစကား ၇ မျိုးကိုသင်ယူပြီး ကလေး ၇ ယောက်နဲ့နေရတာ ကျွန်မအိပ်မက်ပါဆိုတဲ့ ဂျိုလီ

, updated

ရှိုင်းလော့၊ ဗီဗီယန်နဲ့ နော့တို့ကိုတော့ ကိုယ်တိုင်မွေးထားတာပါ။

play

 

အသက် ၄၁ နှစ်မှာ ကလေး ၇ ယောက်နဲ့ ကြီးမားတဲ့မိသားစုကြီးရဲ့ မိခင် အန်ဂျလီနာဂျိုလီက သူမရဲ့လက်ရှိဘဝကို ကျေနပ်နေပါတယ်။ မင်းသမီးချော ဂျိုလီနဲ့ မင်းသား ဘရတ်ပစ်တို့မှာ ကိုယ်ပိုင်ရင်သွေး ၃ ဦး မွေးထားပြီး အခြားကလေး ၄ ဦးကိုလည်း မွေးစားထားတာပါ။

play

 

မိဘနှစ်ပါးလုံးက ကမ္ဘာကျော်သရုပ်ဆောင်တွေဖြစ်ပေမဲ့ ကလေးတွေအားလုံးကတော့ သရုပ်ဆောင်လုပ်ဖို့ စိတ်မဝင်စားကြဘူးလို့ ဂျိုလီက ပြောပါတယ်။

play

 

မွေးစားကလေးတွေက ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဇာဟာရာနဲ့ အီသီယိုးပီးယားတို့က ဖြစ်တာကြောင့် သူတို့ရဲ့ဘာသာစကားတွေကိုလည်း ဂျိုလီက လိုက်လံသင်ယူရပါတယ်။ ကလေးတွေကလည်း ချစ်ချစ်ခင်ခင်ရှိကြပြီး အခြားနိုင်ငံတွေက ဒုက္ခသည်ကလေးတွေနဲ့ သူငယ်ချင်းဖြစ်နေတာကြောင့် ကျေနပ်မိတယ်လို့လည်း သူမက ဆိုပါတယ်။ ကလေးတွေအများကြီးနဲ့ မတူညီတဲ့ဘာသာစကားတွေကို ပြောနေရတာဟာ ကျွန်မအတွက်တော့ တကယ်ကိုပီတိဖြစ်ရတယ်လို့လည်း Radio 4's Womans Hour အသံလွှင့်အစီအစဉ်မှာ ဖြေကြားသွားခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ