International Celebrity: ဂျက်စတင်ဘီဘာ စတိတ်စင်ပေါ်က ပြုတ်ကျ

, updated

ကနေဒါနိုင်ငံ၊ ဆက်က်တွန်းမြို့မှာ ဖျော်ဖြေရင်း ဖြစ်ခဲ့တာပါ။

play

 

ဇွန်လ ၁၇ ရက်က ဆက်က်တွန်းမြို့မှာ ပြုလုပ်တဲ့ ဂျက်စတင်ဘီဘာရဲ့ ရှိုးပွဲမှာ ပရိသတ်တွေ အထိပ်တလန့်နဲ့ အော်ဟစ်ခဲ့ရပါတယ်။

ဆယ်ကျော်သက်တွေရဲ့ အသည်းကျော် ဂျက်စတင်ဟာ သူ့ရဲ့ဘောင်းဘီကို အနေအထားပြုပြင်ရင်း စတိတ်စင်ပေါ်မှာ လမ်းလျှောက်တုန်း ပြုတ်ကျသွားခဲ့တာပါ။

စင်နဲ့ ဘီဘာရဲ့လက်ထဲက မိုက်ကရိုဖုန်းထိသွားချိန်မှာ အသံကျယ်ကြီးကြောင့် အခြေအနေက ဖြစ်တာထက် ပိုဆိုးသလို ထင်ခဲ့ရပါတယ်။

ဂျက်စတင်ဘီဘာကတော့ သူ စင်ပေါ်က ပြုတ်ကျတဲ့အကြောင်းကို ဆိုရှယ်မီဒီယာမှာ ပြောကြားခြင်းမရှိသလို ဒဏ်ရာအနာတရဖြစ်တယ်လို့လည်း သတင်းမကြားရပါဘူး။

ရှိုးပွဲအပြီးမှာတော့ သူဟာ တွစ်တာမှာ "ဒီည ရှိုးပွဲအရမ်းကောင်းတယ်..#Purpose Tour" လို့ တင်ခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ