International Celebrity: ချစ်သူနဲ့ကြာကြာမခွဲနိုင်အောင် အကဲပိုလွန်းသူလေး မားဂေါ့ရော့ဘီး

ကလေးတွေတစ်ပြုံကြီး ရချင်တယ်လို့လည်း ဆိုပါတယ်။

play

 

သရုပ်ဆောင်အလှအပလေး မားဂေါ့ရော့ဘီးကတော့ အချစ်လည်းကြီးသလို လောဘလည်းကြီးတဲ့ပုံပါပဲ။ သူမရဲ့ချစ်သူနဲ့ လက်ထပ်ပြီးရင် အနည်းဆုံး ကလေး ၄ ယောက်လောက်တော့ လိုချင်ပါသတဲ့။

သြစတြေးလျမင်းသမီးလေးက ဗြိတိန်ဒါရိုက်တာ တွမ် အက်ကာလေနဲ့ တွဲနေတာ သုံးနှစ်ရှိပါပြီ။ ဒါပေမဲ့ ရိုးမသွားဘဲ အချစ်တွေတိုးလာကြဟန်ရှိပါတယ်။ ချစ်သူနဲ့ သီတင်းပတ် ၃ ပတ်ထက်ပိုပြီး ခွဲမနေနိုင်ပါဘူးလို့ မားဂေါ့က ဆိုပါတယ်။ " သီတင်းပတ် ၃ ပတ် စည်းမျဉ်းက အဓိကသော့ချက်ပဲ" လို့ ပြောပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာတော့ လော့စ်အန်ဂျလိမှာ တွမ်နဲ့အတူ တစ်အိုးတစ်အိမ် ထူထောင်ကြတော့မှာပါ။

play

 

လက်ရှိမှာတော့ နှစ်ဦးသား အလုပ်တွေကိုယ်စီများနေကြပါတယ်။ မားဂေါ့ကလည်း ၂၀၁၆ ခုနှစ်ထဲမှာတင် ရုပ်ရှင် ၅ ကား ရိုက်ကူးဖို့ရှိနေပါတယ်။

Source : Sunday Style

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ