International Celebrity: လုံလုံခြုံခြုံနဲ့ ဆက်စီကျတဲ့ဝတ်စုံလေးနဲ့ မီလန်ဖက်ရှင်ပွဲရောက် ပဲရစ်စ်ဟီလ်တန်

ဖက်ရှင်မှာဆရာတစ်ဆူလို့တောင် ခေါ်မယ်ဆို မှားမယ်မထင်ပါဘူး။

play

 

အဆီပိုမရှိ လှပကျစ်လျစ်တဲ့ ကိုယ်လုံးလေးနဲ့ သူဌေးမလေး ပဲရစ်စ်ဟီလန်က ဖက်ရှင်နဲ့ပတ်သက်လာရင် ဆရာတစ်ဆူလို့တောင် ခေါ်လို့ရပါတယ်။ ဘယ်လိုနေရာမျိုးမှာ ဘယ်လိုဝတ်စားဆင်ယင်မှုမျိုးက သူမကို ပေါ်လွင်စေမလဲဆိုတာလည်း ကောင်းကောင်းကြီးသိပါတယ်။

play

 

သောကြာနေ့တုန်းက မီလန်မှာပြုလုပ်တဲ့ Dsquared2 ဖက်ရှင်ပွဲကိုလည်း လုံလုံခြုံခြုံလေးနဲ့ ဆက်စီကျအောင် ဝတ်လာပါတယ်။ ဇာအပွင့်အခက်တွေနဲ့ အနက်ရောင်ဝတ်စုံကို ဝတ်လာတာပါ။

play

 

ရင်ပြတ်ဝတ်စုံဆိုပေမဲ့ ရင်ဘတ်ကျယ်ကျယ်ကိုသာမြင်ရပြီး ဇာတွေအောက်မှာ အဆီပိုမရှိတဲ့ဗိုက်သားတွေကိုမြင်ရပါတယ်။ ခါးအောက်ပိုင်းဘေးနှစ်ဖက်ကိုမှ ဆက်စီကျအောင်ဝတ်ထားတာကြောင့် ဟီလ်တန်အုပ်စုရဲ့ သူဌေးမလေးဟာ ဖက်ရှင်မှာဆရာတစ်ဆူလို့တောင် ခေါ်မယ်ဆို မှားမယ်မထင်ပါဘူး။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ