International Celebrity: အတွင်းခံနဲ့ ရိုက်ထားတဲ့ မဂ္ဂဇင်းကာဗာပုံအတွက် ဝေဖန်ခံနေရတဲ့ ပရီရန်ကာချော်ပရာ

အိန္ဒိယမင်းသမီး ပရီယန်ကာချော်ပရာဟာ အမေရိကန် ရုပ်သံစီးရီးမှာ ပါဝင်လာတဲ့အတွက် အမေရိကန်ရဲ့ ကြယ်တစ်ပွင့်ဖြစ်နေပါပြီ။

play

 

ပရီယန်ကာချော်ပရာကို  Maxim India က ကမ္ဘာ့အလန်းဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ပြီး ဒီနှစ်နွေရာသီမှာ သူမရဲ့ဓာတ်ပုံကို မျက်နှာဖုံးအဖြစ် သုံးခဲ့ပါတယ်။

play

 

ဒါပေမဲ့ အဲဒီဓာတ်ပုံဟာ ဖိုတိုရှော့အသုံးများလွန်းတယ်လို့ ဝေဖန်ခဲ့နေရပါတယ်။ ပရီရန်ကာရဲ့ ချိုင်းဟာ ဘာဘီရုပ်မတွေလို ဖြစ်နေပြီး ချိုင်းရာတောင် မရှိတော့ဘဲ လုံးဝချောမွေ့နေပါတယ်။

သူမရဲ့ ပရိသတ်တွေဟာ မဂ္ဂဇင်းကို ဝေဖန်နေကြတာဖြစ်ပြီး စာဖတ်သူတွေကို သဘာဝမကျတဲ့ပုံတွေ တင်မပေးဘူးလို့ ဆိုကြပါတယ်။

play

 

ပရီရန်ကာတော့ အဲဒီလိုပြောဆိုမှုတွေအပေါ် ဘာမှတ်ချက်မှ မပေးသေးပေမဲ့ အဲဒီမဂ္ဂဇင်းကာဗာပုံကို သဘောကျနေပုံရပြီး တွစ်တာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ