International Celebrity: ဒေါ်လာ ၉၃ သန်းတန် အိမ်ကို ဝယ်ဖို့ ပြင်ဆင်နေတဲ့ ဘီယွန်းဆေးနဲ့ ဂျေဇီး

အိပ်ခန်း ၁၀ ခန်းနဲ့ ရေချိုးခန်း ၂၀ ပါတဲ့ ခမ်းနားကြီးကျယ်လှတဲ့ ခြံနဲ့ဝင်းနဲ့ အိမ်ကြီး ဖြစ်ပါတယ်။

 
play

 

ဘီယွန်းဆေးနဲ့ ဂျေဇီးဟာ လော့ဆန်းဂျလိစ်က အိမ်ကြီးတစ်လုံးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ် အဆိုတော် ဘီယွန်းဆေးနဲ့ အသက် ၄၆ နှစ်အရွယ် သူမရဲ့ခင်ပွန်း ရက်ပါ ဂျေဇီးတို့ဟာ အိပ်ခန်း ၁၀ ခန်းနဲ့ ရေချိုးခန်း ၂၀ ပါတဲ့ ၃၀,၀၀၀ စတုရန်းပေရှိတဲ့ အိမ်ကြီးတစ်လုံးကို ဒေါ်လာ ၉၃ သန်းနဲ့ ဝယ်ဖို့ စီစဉ်နေပါတယ်။

play

 

၂.၁၇ ဧကကျယ်တဲ့ အဲဒီအိမ်ကြီးမှာ ၅,၃၀၀ စတုရန်းပေကျယ်တဲ့ အိပ်ခန်းကျယ်တစ်ခန်းနဲ့အတူ ဗြူးတီးစလွန်းတစ်ခု၊ အနှိပ်ခန်း တစ်ခန်း၊ အိမ်တွင်း အလှဆင် ရေတံခွန်တစ်ခုတို့ ပါရှိပါတယ်။

play

 

၂၀၁၆ ခုနှစ်မှာ တည်ဆောက်လိုက်တဲ့ အဲဒီအိမ်ကြီးမှာ အဆင့်မီ ရုပ်ရှင်ရုံ တစ်ရုံလည်း ထည့်သွင်းထားပါတယ်။

play

 

ဧပြီလတုန်းက ဒေါ်လာသန်း ၁၅၀ နဲ့ ဈေးခေါ်ထားတဲ့ အဲဒီအိမ်မှာ ဘေ့စ်ဘောနဲ့ တင်းနစ်ကစားကွင်းတွေ၊ အပျော် ခြေလျင်ခရီးထွက်ဖို့ လမ်းကြောင်း၊ အားကစားခန်းမတစ်ခုနဲ့ အရက်ဘားတစ်ခုလည်း ပါတယ်လို့ သိရပါတယ်။

play

 

ကား ၁၀ စီးဆန့်တဲ့ ကားဂိုထောင်တစ်ခုနဲ့အတူ ကား အစီး ၅၀ ပါကင်ထိုးလို့ရတဲ့ နေရာလည်း ရှိပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ