play

 

ကာညေးဝက်စ်ဟာ တေလာဆွစ်နံမည်ကို သီချင်းထဲ ထည့်ဆိုရင်း ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့လို့ တေလာဆွစ်ဘက်ကလည်း (တေလာဆွစ်ရဲ့မောင်၊ ကယ်ဗင်ဟားရစ်နဲ့ ဆယ်လီနာတို့အပါအဝင်) ပြန်လည် တိုက်ခိုက်ခဲ့ဖူးပါတယ်။

play

 

တေလာဆွစ်ရဲ့မောင် အော်စတင်က သူ့ရဲ့ (ကာညေးဝက်စ်နာမည်နဲ့ ထုတ်တဲ့) Yeezy ဖိနပ်ကို အမှိုက်ပုံးထဲ လွှင့်ပစ်ပြပြီး တွစ်တာမှာ တင်ခဲ့တုန်းက အဲဒီပို့စ်ကို ကယ်ဗင်ဟားရစ်နဲ့ ဆယ်လီနာတို့ အပါအဝင် တေလာဆွစ်ရဲ့သူငယ်ချင်းတွေက Like လုပ်ခဲ့ကြပါသေးတယ်။

play

 

အခု ကင်မ်ကာဒါရှီယန်က တေလာဆွစ်ဟာ အဲဒီကိစ္စမှာ လူသနားအောင် တမင်သက်သက်ညာခဲ့တာလို့ စွပ်စွဲထားပါတယ်။ တကယ်တော့ ကာညေးက သီချင်းမဆိုခင်ကတည်းက တေလာဆွစ်ကို ခွင့်တောင်းခဲ့ပြီးသားလို့ ကင်မ်က အခိုင်အမာဆိုခဲ့ပါတယ်။

အဲဒီလို ပြဿနာတွေ ဖြစ်နေစဉ်မှာ ရည်းစားဟောင်း ကယ်ဗင်ဟားရစ်က လော့ဆန်းဂျလိစ်မှာ Gym သွားကစားစဉ် သူ့ရဲ့ Yeezy ဖိနပ်ကို ထုတ်စီးလိုက်တာကို မြင်တွေ့ရပါတယ်။

play

 

တေလာဆွစ်ဟာ သူနဲ့ ပြတ်ပြီး ၂ ပတ်လောက်အကြာမှာ ဗြိတိန်ရုပ်ရှင်မင်းသား တွမ်ဟစ်ဒယ်လ်စတန်နဲ့ အနမ်းခြွေနေပုံတွေ ထွက်လာပြီးတဲ့နောက်မှာမှ ကယ်ဗင်က အခုလို လုပ်လိုက်တဲ့အတွက် သူဟာ ကာညေးဝက်စ်နဲ့ ကင်မ်ကာဒါရှီယန်တို့ဘက်တော်သား ဖြစ်သွားပြီလားလို့ လူတွေက ထင်ကြေးပေးနေကြပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video