International Celebrity: ဟောလိဝုဒ်ရဲ့ အလန်းဆုံး ကလေးအဖေ (၁၅) ဦး

အဖေများနေ့ အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။

play

 

၁။ ခရစ္စဟမ်းဆွက်သ်

play

 

မင်းသား ခရစ္စဟမ်းဆွက်သ်မှာ ဇနီး အယ်လ်ဆာပက်တာကီနဲ့ ရတဲ့ သားသမီးသုံးယောက်ရှိပါတယ်။ အင်ဒီးယားလို့ အမည်ပေးထားတဲ့ သမီးကြီးက ၄ နှစ်၊ အမြွှာသားလေး ၂ ယောက်ဖြစ်တဲ့ ထရစ်စတန်နဲ့ ဆာရှာက ၂ နှစ်ရှိပါပြီ။

၂။ ခရစ္စပရတ်

play

 

Guardians of the Galaxy မင်းသား ပရတ်မှာ ဇနီးသည် အန်နာဖာရီနဲ့ရတဲ့ ၃ နှစ်အရွယ် သားလေး ဂျက်ခ်ရှိပါတယ်။

၃။ ချန်နင်းတေးတမ်

play

 

မင်းသား ချန်နင်းတေးတမ်မှာ ဇနီးသည် ဂျန်နာဒီဝန်နဲ့ရတဲ့ အဲဗာလင်းဆိုတဲ့ ၃ နှစ်အရွယ် သမီးလေး ရှိပါတယ်။

၎။ ဂျွန်လဲဂျန့်

play

 

အဆိုတော် ဂျွန်လဲဂျန့်ရဲ့ ဇနီးသည် ခရစ်စီတိုင်ဂန်ဟာ ဧပြီလမှာ သမီးဦးလေး လူနာကို မွေးဖွားခဲ့ပါတယ်။

၅။ ကာညေးဝက်စ်

play

 

ကာညေးဝက်စ်နဲ့ ကင်မ်ကာဒါရှီယန်ရဲ့ သမီးအကြီးလေး နော့သ်က ၃ နှစ်ဖြစ်ပြီး ဒီဇင်ဘာလမှာတော့ စိန့်ဆိုတဲ့ သားလေးတစ်ယောက် တိုးလာခဲ့ပါတယ်။

၆။ ဂျော့ရှ်ဒူမဲလ်

play

 

Transformers မင်းသား ဂျော့ရှ်ဒူမဲလ်မှာ ဇနီးသည် ဖာဂျီနဲ့ရတဲ့ ၂ နှစ်အရွယ်သားလေး အက်ဆဲလ်ရှိပါတယ်။

၇။ ဂျေမီဖောက်စ်

play

 

သမီးများရှင်ဖြစ်တဲ့ ဂျေမီဖောက်စ်မှာ ဇနီးတစ်ဦးစီက မွေးတဲ့ အသက် ၂၁ နှစ်အရွယ် ကော်ရင်နာနဲ့ အသက် ၈ နှ်အရွယ် အန်နယ်လစ်ဆိုတဲ့ သမီးလေးနှစ်ဦး ရှိပါတယ်။ ကော်ရင်နာဟာ ဒီနှစ်ရဲ့ ရွှေကမ္ဘာလုံးအလှမယ် ဖြစ်ခဲ့ပါတယ်။

၈။ ဒေးဗစ်ဘက်ခမ်း

play

 

ဘောလုံးသမားဟောင်းကြီးဟာ ဇနီးသည် ဗစ်တိုးရီးယားဘက်ခမ်းနဲ့ အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်း၊ အသက် ၁၃ နှစ်အရွယ် ရိုမီယိုနဲ့ အသက် ၁၁ နှစ်အရွယ် ခရုစ်ဆိုတဲ့ သားသုံးယောက်နဲ့ ၄ နှစ်အရွယ် သမီးထွေးလေး ဟာပါတို့ကို ပြုစုပျိုးထောင်နေတဲ့ ကလေး ၄ ယောက်ဖခင် ဖြစ်ပါတယ်။

၉။ ရိုင်ယန်ဖီးလစ်

play

 

Cruel Intentions ဇာတ်ကားရဲ့မင်းသားမှာ ဇနီးဟောင်း ရိစ်ဝှစ်တာစပွန်းနဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် သမီး အေဗာနဲ့ အသက် ၁၂ နှစ်အရွယ်သား ဒါကွန်တို့ရှိပြီး မင်းသမီး အဲလစ်နက်ပ်နဲ့ရတဲ့ အသက် ၄ နှစ်အရွယ် သမီးလေး ကိုင်တို့ ရှိပါတယ်။

၁၀။ ရောဘတ်ဒေါင်နေဂျူနီယာ

play

 

Iron Man ကြီးမှာတော့ ဇနီးဟောင်းနဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် အင်ဒီယိုဆိုတဲ့သားရယ်၊ လက်ရှိ ဇနီးသည် ဆူဆန်နဲ့ရတဲ့ ၄ နှစ်အရွယ်သား အိတ်ခ်ျတန်နဲ့ ၁ နှစ်အ၇ွယ် သမီး အက်ဗရီတို့ ရှိပါတယ်။

၁၁။ တြမ္ဘရက္ဒီ

play

 

Super Bowl မင်းသားမှာ မင်းသမီး ဘရစ်ဂျက်မွိုင်နာဟန်နဲ့ ရတဲ့ အသက် ၈ နှစ်အရွယ်သားတစ်ယောက်ရှိပြီး လက်ရှိဇနီးသည် စူပါမော်ဒယ် ဂျီဆယ်လ်ဘွန်ချန်နဲ့ ရတဲ့ အသက် ၆ နှစ်အရွယ် ဘန်ဂျမင်နဲ့ အသက် ၃ နှစ်အရွယ် ဗီဗီယန်ဆိုတဲ့ ကလေးနှစ်ဦး ရှီပါတယ်။

၁၂။ ဂျက်စတင် တင်းဘားလိတ်ခ်

play

 

ဂျက်စတင်မှာတော့ ဇနီးသည် ဂျက်စီကာဘဲလ်နဲ့ ရတဲ့ ၁ နှစ်အရွယ်သားလေး ဆီလာရှိပါတယ်။

၁၃။ လူဝီတွမ်လင်ဆန်

play

 

လူဝီဟာ  သူ့ရဲ့ရည်းစားဟောင်း ဘရီရန်နာက ဖရက်ဒီဆိုတဲ့သားလေးကို ဒီနှစ် ဇန်နဝါရီလက မွေးဖွားခဲ့ပြီးနောက် One Direction အဖွဲ့မှာ ပထမဆုံး ကလေးအဖေဖြစ်ခဲ့သူဖြစ်ပါတယ်။

၁၄။ စတီဖင်အန်မဲလ်

play

 

Teenage Mutant Ninja Turtles 2 မင်းသားနဲ့ ဇနီး ကက်ဆန်ဒရာဂျင်းမှာ မာဗီဆိုတဲ့ ၂ နှစ်အရွယ် သမီးလေးတစ်ဦး ရှိပါတယ်။

၁၅။ ရိုင်ယန်ရေးနိုး

play

 

Deadpool မင်းသားဟာ သူ့ရဲ့ ၁ နှစ်အရွယ် သမီးလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို မျှဝေလေ့မရှိတာ ဝမ်းနည်းစရာပါပဲ။ ဒါပေမဲ့ အခု သူ့ရဲ့ဇနီးသည် ဘလိတ်ခ်လိုက်ဗလီက ဒုတိယမြောက်ကလေးကို ကိုယ်ဝန်လွယ်ထားရပြီဆိုတော့ နောက်ဆိုရင် ကလေး ၂ နှစ်ဦးနဲ့အတူ ဓာတ်ပုံတွေ မြင်ရဦးမယ်လို့ မျှော်လင့်ရတာပါပဲ။

Source & Photos : Eonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ