International Celebrity: ချစ်ကြိုက်ခန်း ကြမ်းလွန်းလို့ ဝေဖန်ခံနေရတဲ့ ဗြိတိန်ရုပ်သံအစီအစဉ်

လူငယ်များအတွက် အဆိပ်အတောက်ဖြစ်စေတယ်လို့ ဆိုကြပါတယ်။

play

 

ဗြိတိန်နိုင်ငံ ITV2  ရုပ်သံလိုင်းမှာ ပြသတဲ့ Love Island အစီအစဉ်မှာ အဖုံးအကွယ်မပါဘဲ ချစ်ကြိုက်ခန်းကို ရိုက်တဲ့အတွက် ကြည့်ရှုသူတွေ အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။

လူငယ်များအတွက် လိင်ပိုင်းဆိုင်ရာ ပြကွက်ဖန်တီးတဲ့အတွက် မိသားစုစံနှုန်းများ စောင့်ကြည့်ရေးအဖွဲ့က ဇွန်လ ၁ ရက်နေ့မှာ အဲဒီအစီအစဉ်ကို ရှုံ့ချလိုက်ပြီး ပရိသတ်ကလည်း ဝေဖန်ခဲ့ကြပါတယ်။

play

 

ည ၉ နာရီမှာ ပုံမှန်ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲကို လူငယ်များလည်း ကြည့်ရှုကြမှာ မလွဲပါပဲ။

Love Island ဟာ Dating reality show (လူငယ်တွေ ဒိတ်လုပ်တာပြတဲ့ အစီအစဉ်) ဖြစ်ပြီး ပရိသတ်အနှစ်သက်ဆုံးစုံတွဲကို ပေါင် ၅ သောင်း ဆုချီးမြှင့်တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ် အမ်မာဂျန်းဝုဒ်ဟမ်နဲ့ အသက် ၂၈ နှစ်အရွယ် တယ်ရီဝေါ့ရှ်တို့ရဲ့ အကာအကွယ်မပါ ချစ်တင်းနှောခန်းကို မြင်ရတဲ့အခါမှာတော့ အတူပါဝင်ယှဉ်ပြိုင်သူတွေတောင် အံ့အားသင့်ခဲ့ကြပါတယ်။

play

 

Source & Photos : Mirro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ