International Celebrity: ၁၀ နှစ်တာ အချစ်ရေးကို အဆုံးသတ်လိုက်တဲ့ ဒိုင်ယန်ခရုဂါနဲ့ ဂျိုရွှာဂျက်ဆင်

မင်းသမီး ဒိုင်ယန်ခရုဂါနဲ့ မင်းသား ဂျိုရွှာဂျက်ဆင်တို့ရဲ့ စုံတွဲဓာတ်ပုံကို ဖေဖော်ဝါရီလမှာ နောက်ဆုံးမြင်တွေ့ခဲ့ရတာပါ။

play

 

Troy မင်းသမီး ဒိုင်ယန်ခရုဂါဟာ သူမနဲ့ ၁၀ နှစ်တိုင်တိုင် ချစ်ကျွမ်းဝင်ခဲ့တဲ့ ချစ်သူ ဂျိုရွှာဂျက်ဆင်နဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်လိုက်ပါပြီ။

"ဒိုင်ယန်ခရုဂါနဲ့ ဂျိုရွှာဂျက်ဆင်တို့ဟာ လမ်းခွဲပြီး သူငယ်ချင်းတွေအဖြစ်ပဲ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်လိုက်ပါတယ်" လို့ အသက် ၄၀ နှစ်အရွယ် ဒိုင်ယန်နဲ့ အသက် ၃၈ နှစ်အရွယ် ဂျိုရွှာတို့ရဲ့ ကိုယ်စားလှယ်တွေက ပြောခဲ့ပါတယ်။

play

 

၅ နှစ်ပေါင်းဖက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ ခင်ပွန်းသည် Guillaume Canet နဲ့ ကွဲကွာပြီးတဲ့နောက် ဒိုင်ယန်က ဂျိုရွှာနဲ့ တွဲခဲ့တာဖြစ်ပါတယ်။

မတ်လတုန်းကတော့ ဒိုင်ယန်က ဂျိုရွှာနဲ့ အတူ နယူးယော့ခ်ကို ပြောင်းရွှေ့မယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ သူမဟာ နောက်ထပ်အိမ်ထောင် ပြုချင်စိတ် ရှိမရှိ သူမကိုယ်သူမ မသေချာခဲ့ပါဘူး။

play

 

ဒါ့အပြင် ဒိုင်ယန်ဟာ ဂျိုရွှာရိုက်ကူးတဲ့ ချစ်ခန်းကြိုက်ခန်းတွေကို မကြည့်ချင်ခဲ့ဘူးလို့ ဆိုပါတယ်။

"ကျွန်တော်က အိမ်ပြန်သွားချိန်မှာ ဘေဘီ..ကိုယ် ဒီနေ့ ပျော်ခဲ့တယ်။ မိန်းမနှစ်ယောက်နဲ့ အတူအိပ်ခဲ့ရတယ်။ တော်တော်လေး အဆင်ပြေခဲ့တယ်လို့ ခံစားရတယ်လို့ ပြောမိတယ်။ သူ့ကြည့်ရတာ အဲဒီအပေါ် နည်းနည်း စိတ်ကသိကအောင့်ဖြစ်ပုံပဲ" လို့ ဂျိုရွှာက ပြောခဲ့ဖူးပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ