International Celebrity: နီကိုးရှာဇင်ဂါရဲ့ ကောက်ကြောင်းအလှ

X Factor ပြိုင်ပွဲမှာပဲ အာရုံစိုက်နေပုံရပါတယ်။

play

 

အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းတဲ့ အဆိုတော် နစ်ကိုးရှာဇင်ဂါမှာ တင်းရင်းလှပတဲ့ ကောက်ကြောင်းတွေလည်း ရှိနေပြန်ပါတယ်။ အသံကောင်းရုံတင်မက ဒီဇိုင်းပါလှတဲ့ နစ်ကိုးဟာ လိမ္မော်ရောင်ဘီကီနီလေးကိုဝတ်ပြီး လဲလျောင်းနေပုံကိုလည်း အင်စတာဂရမ်ပေါ် တင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်အီဗာလောင်ဂိုးရီးယားရဲ့ပါတီပွဲကိုရောက်တုန်း အနားယူချိန်မှာရိုက်ထားဟန်တူပါတယ်။ နေရောင်အောင်မှာ လှပနေတဲ့သူမက ပြင်ဆင်ခြယ်သမှုတွေမရှိမှ ပိုပြီးလင်းလက်နေသယောင်ပါပဲ။

play

 

ဒီမတိုင်ခင် တစ်ရက်ကလည်း လက်မောင်းနဲ့ပေါင်တံကို လှစ်ဟပေါ်လွင်စေတဲ့ ဝတ်စုံလေးနဲ့ ပွဲတက်ခဲ့ပါသေးတယ်။

play

 

ပြိုင်ကားမောင်းချန်ပီယံ လူးဝစ်ဟာမီလ်တန်နဲ့ ကွဲသွားပြီးနောက်မှာ ဘူလ်ဂေးရီးယားနိုင်ငံသား တင်းနစ်သမား ဂရီဂေါ် ဒီမီထရော့ဗ်နဲ့ တွဲလိုက်ပါသေးတယ်။ ခုတော့ ဂရီဂေါ်နဲ့လည်း ပြတ်ပြီလို့ သတင်းတွေထွက်နေပြန်တဲ့ နစ်ကိုးဟာ X Factor ပြိုင်ပွဲမှာပဲ အာရုံစိုက်နေပုံရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ