International Celebrity: နယူးယော့ခ်လမ်းတွေပေါ်မှာ ဓာတ်ပုံအလန်းတွေ ရိုက်ခဲ့တဲ့ ဂျီဂျီဟက်ဒီး

, updated

ဂျီဂျီဟက်ဒီးဟာ အလွန်အလုပ်များတဲ့ စူပါမော်ဒယ်တစ်ယောက်ပါ။

play

 

ဓာတ်ပုံတွေ ရိုက်ကူးပေးရင်း ပြီးခဲ့တဲ့ တစ်ပတ်လုံး အလုပ်တွေနဲ့ ရှုပ်ခဲ့တဲ့ ဂျီဂျီဟာ ဇူလိုင်လ ၁၈ ရက်နေ့ (တနင်္လာနေ့) သီတင်းပတ်အစမှာတင်ပဲ နောက်ထပ် ဓာတ်ပုံရိုက်ကူးမှုတစ်ခု လုပ်ပေးနေရပါတယ်။

နယူးယော့ခ်မြို့ လမ်းမတွေပေါ်မှာ ဓာတ်ပုံတွေ မနားမနေရိုက်ကူးခဲ့ရတဲ့ ဂျီဂျီဟာ အနက်ရောင်ဖိနပ်ပါးလေး စီးလို့ သက်သောင့်သက်သာဖြစ်အောင် နေနေတာကို တွေ့ရပါတယ်။

play

 

Crop Top လေးတွေ အဝတ်များတဲ့ ဂျီဂျီဟာ ဒီတစ်ခါလည်း အနက်နဲ့ အပြာအစင်းကြား Crop Top လေးကို ဂျင်းဘာင်းဘီလေးနဲ့ တွဲဖက်ဝတ်လို့ ခါးမှာ ဂျင်းအင်္ကျီလေးချည်ကာ အလန်းစား ဒီဇိုင်းနဲ့ တွေ့ရပါတယ်။

play

 

နောက်ထပ် ဒီဇိုင်းတစ်မျိုးပြောင်းလိုက်ချိန်မှာတော့ သူမဟာ နယူးယော့ခ်မြို့ရဲ့ ရှုခင်းတွေကိုလှည့်ပတ်ကြည့်တဲ့ ဘတ်စ်ကားပေါ်မှာ သတ္တုရောင်ဂါဝန်ကိုယ်ကျပ်လေးနဲ့ တစ်မျိုးလှနေပြန်ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ