International Celebrity: လေဒီဂါဂါနဲ့ တေလာကင်နီတို့ စေ့စပ်မှုဖျက်သိမ်း

, updated

လက်ထပ်တော့မယ်လို့ တရားဝင်ထုတ်ပြောပြီးကာမှ လမ်းခွဲလိုက်ရလို့ ဂါဂါကတော့ အသည်းကွဲနေရှာပါတယ်။

play

 

နားလည်မှုရှိရှိနဲ့ ငါးနှစ်တာဖြတ်သန်းလာကြတဲ့ ချစ်ခရီးကို လေဒီဂါဂါနဲ့ တေလာကင်နီတို့က ဆက်လက်လျှောက်လှမ်းတော့မှာမဟုတ်ပါဘူး။ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ကြောင်း အင်္ဂါနေ့မှာ သတင်းတွေက အတည်ပြုဖော်ပြနေကြပါတယ်။

play

 

လေဒီဂါဂါဟာ မင်းသားတေလာကင်နီနဲ့ ၂၀၁၅ ခုနှစ် ချစ်သူများနေ့မှာ စေ့စပ်ခဲ့ကြတာပါ။ တေလာနဲ့ ယခုလအစောပိုင်းကတည်းက ပြတ်စဲသွားတာဖြစ်ပြီး ဂါဂါဟာ အသည်းကွဲမှုကို ကုစားဖို့ ခရီးတွေသွားနေတာဖြစ်ကြောင်း အတွင်းလူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွင်းက ဂါဂါရဲ့လက်မှာ တေလာပေးထားတဲ့ အသည်းပုံ စိန်စေ့စပ်လက်စွပ်ကိုလည်း မတွေ့ရတော့ပါဘူး။ အဲဒီအချိန်မှာ တေလာကင်နီကလည်း မွေးနေ့ကို ဂါဂါမရှိဘဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

play

 

တေလာကင်နီနဲ့ ဂါဂါတို့ဟာ ၂၀၁၁ ခုနှစ်က “Yoü and I” သီချင်းဗီဒီယိုရိုက်ကူးရင်း ဆုံတွေ့ခဲ့ကြပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ အဲ့ဒီသီချင်းဗီဒီယိုမှာ ဂါဂါက အဝတ်ဗလာနဲ့ သရုပ်ဆောင်ခဲ့တာပါ။

Source : TMZ, US Weekly

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ