International Celebrity: လူမျိုးရေးခွဲခြားတဲ့တိုက်ခိုက်ဝေဖန်ခံရမှုကြောင့် တွစ်တာအသုံးပြုမှုကို လက်စ်လီဂျုန်းရပ်နား

မျောက်ဝံကြီး ဟာရမ်ဘီနဲ့ သူမကို နှိုင်းယှဉ်ခံနေရခြင်းက သူမအတွက် စိတ်ညစ်ညူးစရာဖြစ်နေရပါတယ်။

play

 

Ghostbusters ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လက်စ်လီဂျုန်းကို လူမှုကွန်ရက်တွစ်တာပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ တိုက်ခိုက်မှုတွေရှိနေလို့ တွစ်တာအသုံးပြုမှု ရပ်ဆိုင်းလိုက်ပါတယ်။

ဂျုန်းစ်ဟာ အာဖရိကန်နွယ်ဖွား အမေရိကန်လူမျိုးဖြစ်ပြီး သူမရဲ့ရုပ်ရည်အပေါ် ကဲ့ရဲ့ခံနေရတာပါ။ ပြီးခဲ့တဲ့လအတွင်း သေဆုံးသွားခဲ့တဲ့ မျောက်ဝံကြီး ဟာရမ်ဘီနဲ့သူမကို နှိုင်းယှဉ်ခံနေရခြင်းက သူမအတွက် စိတ်ညစ်ညူးစရာဖြစ်နေရပါတယ်။

" ကျွန်မ ခုညကစပြီး တွစ်တာကို အရမ်းဝမ်းနည်းတဲ့နှလုံးအိမ်နဲ့အတူ မျက်ရည်တွေနဲ့စွန့်ခွာလိုက်ပါတယ်။ ဒါတွေအားလုံးဟာ ကျွန်မရုပ်ရှင်တစ်ကားရိုက်မိလို့ ဖြစ်ရတာပဲ။ ရှင်တို့ ရုပ်ရှင်ကိုမကြိုက်လို့ရပေမဲ့ ကျွန်မကိုပဲမုန်းတီးနေကြတယ်။" လို့ တနင်္လာညက သူမရဲ့တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

play

 

ဂျုန်းစ်ကို အားပေးလိုတဲ့ အနုပညာရှင်တွေက #LoveforLeslieJ ဆိုပြီး တွစ်တာပေါ်မှာ ရေးသားနေကြသလို တွစ်တာဘက်ကလည်း ဂျုန်းအပေါ်တစ်ဖက်စောင်းနင်း ပုတ်ခတ်နေကြတဲ့ အကောင့်တွေကို ပိတ်သိမ်းသွားမယ်လို့ ကြေညာထားပါတယ်။

play

Breitbart.com နည်းပညာသတင်းဝက်ဘ်ဆိုက်ရဲ့အယ်ဒီတာ Milo Yiannopoulos ဆိုသူက ဂျုန်းစ်ကို အမုန်းစကားတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သူ့ရဲ့အကောင့်ကို ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း တွစ်တာက ကြေညာခဲ့ပါတယ်။

Source : Strait Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ