International Celebrity: အောင်နိုင်သူအပြုံးနဲ့ ကင်မ်ကာဒါရှီယန်

တေလာဆွစ်က တရားစွဲမယ်ပြောပြီးနောက် တွေ့ရတဲ့ ကင်မ်ရဲ့ပုံစံဖြစ်ပါတယ်။

play

 

ကင်မ်ကဒါရှီယန်ဟာ ဇူလိုင်လ ၁၉ ရက်မှာ လော့ဆန်းဂျလိစ်က Milk Studios ကို သွားရင်း ခါတိုင်းထက် ပိုပြီး ပြုံးရွှင်နေတာကို မြင်တွေ့ရပါတယ်။

အသက် ၃၅ နှစ်အရွယ် တီဗီစတားဟာ တေလာဆွစ်နဲ့ ပြဿနာတွေဖြစ်ပြီးနောက် ကျေနပ်အားရနေတဲ့ပုံစံ မြင်တွေ့ရတာပါ။

play

 

ကမ်င်နဲ့အတူ သူမရဲ့ညီမ ကလိုဝီလည်း ပါလာခဲ့ပြီး ညီအစ်မနှစ်ယောက်စလုံးဟာ ဒီဇိုင်းတစ်မျိုးစီနဲ့ လန်းနေကြပါတယ်။

ဖုန်းထဲက ပြောစကားတွေကို လျှို့ဝှက်အသံသွင်းထားရင် ကယ်လီဖိုးနီးယားရဲ့ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကာညေးကို တေလာရဲ့ရှေ့နေတွေက ဖေဖော်ဝါရီလမှာ သတိပေးခဲ့ပါတယ်။

play

 

ကင်မ်ဟာ ဇူလိုင်လ ၁၇ ရက်မှာ လျှို့ဝှက်အသံသွင်းထားတာတွေကို Snapchat ဗီဒီယိုတွေ တစ်ခုပြီးတစ်ခုတင်ခဲ့ပြီးတဲ့နောက် တေလာ့ရဲ့အဖွဲ့က ဥပဒေအရ အရေးယူမယ်လို့ ချက်ချင်းပဲ ခြိမ်းခြောက်ခဲ့ပါတယ်။

play

 

ဒါပေမဲ့ ကင်မ်ဟာ တရားစွဲခံရမှာမဟုတ်ဘူးလို့ TMZ က ပြောကြားခဲ့ပါတယ်။ အဲဒီအသံဖိုင်တစ်ခုလုံးကို နားထောင်ကြည့်လိုက်တဲ့အခါ ကာညေးက စပီကာကို ဖွင့်ထားပြီး ထုတ်လုပ်သူ ရစ်ခ်ရူဘင်က အကြိမ်ကြိမ် စကားကျယ်ကျယ်ပြောသံတွေကြားရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီအချိန်မှာ ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့လုံးလည်း ရှိနေတယ်လို့ သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ