International Celebrity: ဒိတ်လုပ်ဖို့ ရုပ်ရှင်ရုံတစ်ရုံလုံး ငှားလိုက်တဲ့ ဂျက်စတင်ဘီဘာ

ရည်းစားဟောင်း မော်ဒယ် ချန်တဲဂျက်ဖရီနဲ့ ဒိတ်လုပ်ခဲ့တာပါ။

play

 

၂၀၁၄ ခုနှစ်က ဂျက်စတင်ဘီဘာတစ်ယောက် မီယာမီမှာအဖမ်းခံရစဉ်က သူနဲ့အတူ ရှိနေခဲ့တဲ့ ရည်းစားဟောင်း ချန်တဲဂျက်ဖရီနဲ့ ပြန်တွဲနေပုံ ရပါတယ်။

play

 

ပေါ့ပ်စတား ဂျေဘီဟာ အသက် ၂၂ နှစ်အရွယ် မော်ဒယ်မလေးနဲ့ သီးသန့်တွေ့ဆုံဖို့အတွက် နယူးယော့ခ်က AMC ရုပ်ရှင်ရုံတစ်ရုံလုံးကို ငှားရမ်းလိုက်ပါတယ်။

"ချန်တဲနဲ့ ဘီဘာက လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက တွဲနေကြတာပါ" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

play

 

ဇူလိုင်လ ၁၉ ရက်နေ့က ချန်တဲဟာ ဂျက်စတင်ဘီဘာရဲ့ Purpose Tour ရှိုးပွဲ ရှေ့ဆုံးတန်းကနေ သီဆိုကခုန်နေပုံကို Snapchat ကနေ မျှဝေခဲ့ပါသေးတယ်။

သူတို့နှစ်ယောက်ဟာ The Secret Life of Pets ဇာတ်ကားကို ကြည့်ကြတာဖြစ်ပြီး ဂျေဘီက လူမရှိတဲ့ ရုပ်ရှင်ရုံထဲမှာ ခြေထောက်ထောင်ပြီး ရုပ်ရှင်ကြည့်နေပုံကို အင်စတာဂရမ်ကနေ မျှဝေခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ