International Celebrity: မိတ်ကပ်နဲ့ ၁၀ နှစ်ကျော် ဖုံးကွယ်ထားခဲ့တဲ့ မျက်နှာပြင်က အဖြူကွက်တွေကို ပြသခဲ့တဲ့မော်ဒယ်

သူမဟာ အရေပြားနဲ့ပတ်သက်တဲ့ ရှားပါးပြဿနာတစ်ခု ဖြစ်ပေါ်ခဲ့တာပါ။

play

 

မျက်နှာပြင်မှာ အဖြူကွက်တွေဖြစ်နေတဲ့ မော်ဒယ်ဟောင်းတစ်ယောက်က သူမရဲ့အားနည်းချက်ကို ၁၀ နှစ်ကျော်ကြာ ဖုံးကွယ်ပြီးတဲ့နောက် နောက်ဆုံးမှာတော့ အမှန်တရားကို ဖွင့်ဟခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘရီရန်နီရိုက်စ်ဟာ လွန်ခဲ့တဲ့ ၁၂ တုန်းက ရှားပါးလှတဲ့ အရေပြားပြဿနာ ဖြစ်ပေါ်ခဲ့တာပါ။

play

 

ရိုက်စ်ဟာ ရှက်လွန်းတဲ့အတွက် မိဘတွေကလွဲလို့ တခြားသူတွေ မသိစေဘဲ သူမမျက်နှာကို မိတ်ကပ်နဲ့ ဖုံးကွယ်ခဲ့ပါတယ်။ သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေတောင် သူမရဲ့အသားအရေအစစ်အမှန်ကို မမြင်ဖူးပါဘူး။ ဓာတ်ပုံရိုက်ဖို့လာတိုင်း မိတ်ကပ်လိမ်းလာသလို Gym သွားဆော့ရင်လည်း အောက်ခံမိတ်ကပ် လိမ်းသွားပါတယ်။

ဒါပေမဲ့ ဝါရှင်တန်ပြည်နယ်၊ စီရာတယ်မြို့မှာ နေထိုင်တဲ့ ရိုက်စ်ဟာ အသားအရေနဲ့ ပတ်သက်ပြီး ခံစားနေရတဲ့ တခြားအမျိုးသမီးတွေ စိတ်တက်ကြွစေဖို့အတွက် မိတ်ကပ်မလိမ်းတဲ့ သူမရဲ့ မျက်နှာကို ပြသဖို့ ဆုံးဖြတ်လိုက်ပါတယ်။

play

 

"အစကတော့ ကျွန်မပုံစံက သာမန်လိုပဲ ဖြစ်စေချင်တဲ့အတွက် အပြင်သွားတိုင်း ကျွန်မရဲ့အသားအရေကို  ဖုံးခဲ့တယ်။ မနက်ဆိုရင် ဖောင်ဒေးရှင်းလိမ်းတာ ၄၅ မိနစ်ကြာတယ်။ ကျွန်မပုံစံကို လူတွေကို ပြောရမှာ ကြောက်တယ်။ ကျွန်မရဲ့အလုပ်ကလည်း ဆွဲဆောင်မှုရှိဖို့၊ ယုံကြည်မှုရှိဖို့လိုတဲ့အတွက် ပြည့်စုံလှပဖို့ လိုနေသေးတယ်လေ။ အခုတော့ မရှက်တော့ဖို့ သင်ယူနိုင်ခဲ့ပါပြီ" လို့ သူမက ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ