AD
AD
AD
play


အမေရိကန် မော်ဒယ်လေး Alyssa Miller ဟာ လော့စ်အိန်ဂျလိစ်မှာမွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ၂၀၀၃ ခုနှစ်ကစတင်ကာ ဖခင်ဖြစ်သူရဲ့ ပံ့ပိုးတိုက်တွန်းမှုနဲ့အတူ အနုပညာလောကထဲကို စတင်ခြေချခဲ့ပါတယ်။

play


နာမည်ကြီး Vogue Magazine မှာ ၂၀၀၆ ခုနှစ်မှစတင်ကာ ဖော်ပြခံရတဲ့ သူမဟာ နောက်ပိုင်းမှာလည်း နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တွေနဲ့ လက်တွဲပြီး ဓာတ်ပုံရိုက်တာတွေ၊ ကြော်ငြာမျက်နှာဖုံးတွေမှာလည်း ပါဝင်လာခဲ့ပါတယ်။

play


သူမဟာ ဟောလိဝုဒ်မင်းသားချော Jake Gyllenhaal နဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှာတော့ သူတို့ အချစ်ဇာတ်လမ်း ပြီးဆုံးသွားခဲ့ပါတယ်။

play


လက်ရှိမှာတော့ Single အဖြစ်ပဲရှိနေသေးတယ် မော်ဒယ်အချောအလှ Alyssa ဟာ ဆက်စီကျတဲ့ ခန္ဓာကိုယ်အချိုးအစား၊ ဆွဲဆောင်မှုပြင်းတဲ့ အကြည့်တွေကြောင့် ပုရိသတို့ရဲ့ နှလုံးသားကို ကိုင်လှုပ်နေတဲ့ မော်ဒယ်အဖြစ် အနုပညာအသိုင်းအဝိုင်းမှာ နာမည်ကြီးနေသူပါ။

play


မော်ဒယ်အချောအလှ Alyssa Miller ရဲ့ မွေးနေ့က ၁၉၈၉ ခုနှစ် ဇူလိုင် ၄ ရက် ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD