International Celebrity: တေလာကင်နီနဲ့ ပြတ်စဲတာမဟုတ်ကြောင်း လေဒီဂါဂါပြော

တခြားလူတွေလိုပါပဲ၊ ကျွန်မတို့က ခဏခွဲနေကြတာ။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီးသား..

play

 

လေဒီဂါဂါနဲ့ သူမရဲ့ချစ်သူ တေလာကင်နီတို့ စေ့စပ်မှုဖျက်သိမ်းလိုက်ကြောင်း ဇူလိုင် ၁၉ ရက် သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာကြပါတယ်။ အတွင်းသတင်းတွေအရ ဂါဂါဟာ အသည်းကွဲလို့ ခရီးထွက်နေရတာဖြစ်တယ်လို့တောင်  ပြောနေကြပါတယ်။

တေလာကင်နီရဲ့ စေ့စပ်လက်စွပ်ကိုလည်း ဝတ်ဆင်ခြင်းမရှိတော့တဲ့ ဂါဂါဟာ သူမတို့စုံတွဲရဲ့အခြေအနေကို အင်စတာဂရမ်ပေါ်မှာ ရှင်းလင်းလိုက်ပါတယ်။ သူမနဲ့တေလာကင်နီတို့ ပုခုံးချင်းဖက်ပြီးလမ်းလျှောက်နေတဲ့ ပုံတစ်ပုံနဲ့အတူ တိတ်ဆိတ်မှုတွေကို ဖြိုခွင်းလိုက်တာလည်းဖြစ်ပါတယ်။

play

 

" တေလာနဲ့ ကျွန်မက ဖူးစာဖက်တွေလို့ အမြဲတမ်းယုံကြည်ကြပြီးသားပါ၊ တခြားစုံတွဲတွေလိုမျိုး အနိမ့်အမြင့် အတက်အကျတွေတော့ ရှိတာပေါ့၊ ကျွန်မတို့က ခဏတဖြုတ်ခွဲနေရုံသက်သက်ပါပဲ" လို့ ရေးသားဖော်ပြထားပါတယ်။ ဒါတင်မက နှစ်ယောက်လုံးဟာ ရည်မှန်းချက်ကြီးတဲ့ အနုပညာရှင်တွေဖြစ်လို့ ကိုယ်လုပ်စရာရှိတာတွေကို ခွဲနေရင်းနဲ့ ဆက်လုပ်သွားကြမှာဖြစ်တယ်လို့လည်း လေဒီဂါဂါက ရေးထားပါသေးတယ်။

play

 

လေဒီဂါဂါနဲ့ တေလာကင်နီတို့ဟာ ၂၀၁၁ ခုနှစ်ကတည်းက တွဲလာကြတာဖြစ်ပြီး သာယာကြည်နူးဖွယ်စုံတွဲအဖြစ် ထင်မြင်ရပေမဲ့ လွန်ခဲ့တဲ့လတွေကတည်းက လမ်းခွဲလိုက်ပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပါတယ်။ ခုချိန်ထိတော့ တေလာ့ဘက်က တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပါဘူး။

Source : Lady Gaga Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ