International Celebrity: ရည်းစားနှစ်ယောက် တစ်ပြိုင်တည်းတွဲလိုက်တဲ့ ကန်ဒဲလ်ဂျန်နာ

တစ်ယောက်က ရက်ပါဖြစ်ပြီး တစ်ယောက်က ဘတ်စကက်ဘောသမားဖြစ်ပါတယ်။

play

 

ရည်းစားမထားဘဲ တစ်ယောက်တည်း အကြာကြီးနေခဲ့တဲ့ ကန်ဒဲလ်ဂျန်နာဟာ တွဲမယ့်တွဲတော့လည်း နှစ်ယောက် တစ်ပြိုင်တည်း တွဲပြလိုက်ပါတယ်။

ကန်ဒဲလ်ဂျန်နာဟာ LA Lakers အသင်းရဲ့ ဘတ်စကက်ဘောသမား ဂျော်ဒန်ကလာ့ခ်ဆန်နဲ့ တွဲနေချိန်မှာ ရက်ပါ A$AP Rocky နဲ့လည်း ချိတ်တိတ်တိတ် ဖြစ်နေကြောင်း ဇူလိုင်လ ၂၀ ရက်က UsWeekly မှာ ဖော်ပြထားပါတယ်။

play

 

ကန်ဒဲလ်ဟာ ရော်ကီနဲ့ ဘာဗလီဟေးက Mr C ဟိုတယ်မှာ ဇူလိုင်လ ၁၃ ရက်က ဒိတ်လုပ်ခဲ့ကြတယ်လို့ အဲဒီမဂ္ဂဇင်းမှာ ရေးသားထားပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တွဲရုံသက်သက်ဖြစ်ပြီး အလေးအနက်တော့ မဟုတ်ပါဘူးလို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

play

 

ရက်ပါ A$AP Rocky ဟာ ကန်ဒဲလ်ရဲ့ ညီအစ်မတွေဖြစ်တဲ့ ကင်မ်၊ ကလိုဝီ၊ ကော့တနီနဲ့ ကန်ဒဲလ်တို့ကိုလည်း အထင်ကြီးနေသူ ဖြစ်ပြီး သူတို့နှစ်ယောက်ကို အရင်ကလည်း တွဲလျက်တွေ့ခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီလတုန်းက ကန်ဒဲလ်ရဲ့  PacSun ပွဲနဲ့ နယူးယော့ခ်စီးတီးမှာ ပြုလုပ်တဲ့ ကာညေးဝက်စ်ရဲ့ Yeezy 3 ပွဲတို့ တက်ခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း ပါရီမှာ ကန်ဒဲလ်ရဲ့ဘေးမှာ သူ့ကို တွေ့ခဲ့ဖူးပါတယ်။

play

 

ကန်ဒဲလ်ဟာာဘတ်စကတ်ဘောသမား ကလာ့ခ်ဆန်နဲ့ ပြီးခဲ့တဲ့ ဆောင်းတွင်းမှာ စတွဲခဲ့တာဖြစ်ပြီး အခုလည်း အဆင်ပြေနေတုန်းပါပဲ။ သူတို့နှစ်ယောက်ဟာ West Hollywood မှာ ပါတီအတူလုပ်ခဲ့ကြပြီး ကန်ဒဲလ်က Lakers ဂျာကင်ကို ဝတ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ် တင်ခဲ့ဖူးပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ