AD
AD
AD
play

 

ဟောလိဝုဒ်မင်းသားကြီး လီယိုနာဒို ဒီကက်ပရီယိုနဲ့ မော်ဒယ် နီနာအက်ဒဲလ်တို့ဟာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက တွေ့ဆုံခဲ့တာဖြစ်ပြီး အခု ရည်းစားတွေ ဖြစ်နေကြပြီလို့ နီနာရဲ့အဘွား လွန်နာက ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ လီယိုက သူ့ရဲ့မြေးမကို စိတ်ဆင်းရဲအောင် လုပ်ရင်တော့ သူနဲ့တွေ့သွားမယ်လို့ လွန်နာက ဟာသနှောပြီး ပြောသွားခဲ့ပါတယ်။

play

 

"သူနဲ့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့မြေးကိုတော့ သူ ကောင်းကောင်း ဆက်ဆံဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ သူ ကျွန်မနဲ့ စာရင်းရှင်းရလိမ့်မယ်" လို့ လွန်နာက ပြောခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ် နီနာဟာ အခုနောက်ပိုင်း အရမ်းကို အလုပ်များနေပြီး အဘွားနဲ့ တွေ့ဆုံဖို့ အချိန်များများ မပေးနိုင်ပေမဲ့ မကြာခဏဆိုသလို ရောက်လာတဲ့ အီးမေးလ်တွေနဲ့တင် ပျော်ပါတယ်လို့ လွန်နာက ဆိုပါတယ်။

play

 

အသက် ၄၁ နှစ်အရွယ် အော်စကာဆုရှင် မင်းသားကြီးနဲ့ Victoria's Secret မော်ဒယ် လီနာဟာ ၂၀၁၄ ခုနှစ်မှာ ပထမဆုံး တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်တုန်းကတော့ မာလီဘူးက ကမ်းခြေတစ်ခုမှာ ပွေ့ဖက်နမ်းရှုံ့နေတာကို မြင်တွေ့လိုက်ရတာ ဖြစ်တဲ့အတွက် သူတို့ဟာ ချစ်သူတွေလို့ အတည်ပြုနိုင်ပြီ ထင်ပါတယ်။

ဒါပေမဲ့ လွန်နာနဲ့စကားက သူတို့နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကို ပိုမိုသေချာစေပြီး လီယိုနဲ့ နီနာတို့ရဲ့ မိတ်ဆွေတွေကတော့ သူတို့ဆက်ဆံရေးက သာမန်ပါပဲလို့ ပြောနေပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD