AD
AD
AD
play

 

ကလိုဝီကာဒါရှီယန်နဲ့ ကလိုဝီဂရေ့စ်မိုရက်စ်တို့ တွစ်တာမှာ အပြန်အလှန် ရန်ဖြစ်ကြပြီး နှစ်ရက်အကြာမှာ ဘရွတ်ကလင်းဘက်ခမ်းက ကာညေးဝက်စ်ရဲ့ နာမည်နဲ့ထုတ်တဲ့ အင်္ကျီကို ဝတ်ပြီး အင်စတာဂရမ်ကနေ တင်ခဲ့တဲ့အတွက် ဘာအဓိပ္ပာယ်လဲလို့ ပဟေဠိတွေ ဖြစ်ခဲ့ရပါတယ်။

play

 

ဟောလိဝုဒ်မင်းသမီး ကလိုဝီဂရေ့စ်မိုရက်စ်နဲ့ ချစ်သူတွေဖြစ်နေတဲ့ ဓာတ်ပုံဆရာ ဘရွတ်ကလင်းဟာ အဲဒီဓာတ်ပုံကို အမှုမဲ့အမှတ်မဲ့ပဲ တင်လိုက်ပုံ ရပါတယ်။  အခုတော့ အဲဒီဓာတ်ပုံကို ပြန်ဖျက်ပြီး သူ့ချစ်သူဘက်က ရပ်တည်ကြောင်း ပြသလိုက်ပါပြီ။

တိုက်ဆိုင်သွားပုံရတဲ့ ယင်းအဖြစ်အပျက်ကို ပရိသတ်ကတော့ ဒီလိုမတင်သင့်ဘူးလို့ ဝိုင်းဝန်းပြောခဲ့ကြပါတယ်။

play

 

HollywoodLife.com ရဲ့အဆိုအရ ဘရွတ်ကလင်းဟာ သူ့ချစ်သူကို အမုန်းတရားတွေကို လျစ်လျူရှုပြီး ထူးခြားတဲ့ သူမရဲ့ ပုံစံလေးအတိုင်းပဲ ဆက်နေဖို့ ပြောထားတယ်လို့ သိရပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD