International Celebrity: ဂျက်စတင်ဘီဘာတည်းတဲ့ ဟိုတယ်ထဲကထွက်လာတဲ့ ချန်တဲဂျက်ဖရီ

ဂျက်စတင်နဲ့ ရုပ်ရှင်အတူကြည့်ပြီး နောက်နေ့မနက်မှာ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

play

 

ဂျက်စတင်ဘီဘာဟာ ရုပ်ရှင်ရုံတစ်ရုံလုံး ငှားပြီး ရည်းစားဟောင်း ချန်တဲဂျက်ဖရီနဲ့ အတူကြည့်ခဲ့ပြီးနောက် နှစ်ယောက်အတူ ကားနဲ့ ထွက်ခွာခဲ့ပါတယ်။

play

 

ဒါ့အပြင် နောက်တစ်နေ့မနက်မှာလည်း ချန်တဲကို အရင်နေ့ကအဝတ်အစားတွေနဲ့ ဂျေဘီတည်းတဲ့ ဟိုတယ်ထဲက ထွက်လာတာကို တွေ့ရတဲ့အတွက် သူတို့နှစ်ယောက် ပြန်တွဲနေကြပြီလို့ ဆိုနိုင်ပါတယ်။

play

 

အဲဒီနေ့မတိုင်ခင်ကလည်း ချန်တဲဟာ နယူးယော့ခ်မြို့ Madison Square Garden မှာ ပြုလုပ်တဲ့ ဂျေဘီရဲ့ ရှိုးပွဲမှာလည်း သွားရောက် အားပေးခဲ့ပါသေးတယ်။

play

 

အဲဒီရှိုးပွဲပြီးတဲ့နောက် ဂျေဘီက AMC က ရုပ်ရှင်ရုံတစ်ရုံလုံးကို ငှားပြီး ချန်တဲ၊ သူငယ်ချင်းအချို့နဲ့အတူ The Secret Life of Pets ဇာတ်ကားကို ကြည့်ခဲ့ကြပါတယ်။

play

 

အဲဒီနောက် ရုပ်ရှင်ရုံထဲက အတူလမ်းလျှောက်ထွက်လာခဲ့ကြကာ စောင့်နေတဲ့ ကားတစ်စီးထဲကို အတူဝင်သွားပြီး ဂျေဘီရဲ့ ဟိုတယ်ကို ထွက်ခွာသွားခဲ့ကြပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ ချန်တဲကို အဲဒီဟိုတယ်ထဲက ထွက်လာတာ မြင်တွေ့လိုက်ရတာပါ။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ