International Celebrity: ရိုက်ကွင်းပြင်ပမှာ ကြည်နူးနေကြတဲ့ ဒက်ကိုတာဂျွန်ဆင်နဲ့ ဂျေမီဒေါ်နန်

Fifty Shades of Grey ဇာတ်လမ်းတွဲရိုက်နေကြတာပါ။

play

 

ပြင်သစ်မှာ Fifty Shade of Grey ဇာတ်လမ်းတွဲ Fifty Sahde Darker ရိုက်နေကြတဲ့ ဒက်ကိုတာဂျွန်ဆင်နဲ့ ဂျေမီဒေါ်နန်တို့ဟာ ပါရီမြို့မှာ ဝိုင်းအုံလာတဲ့ ပရိသတ်နဲ့ အလုပ်တွေ ရှုပ်နေကြတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အေးအေးလူလူ နှစ်ယောက်တည်း ရှိနေစဉ်မှာ ဒက်ကိုတာက ဂျေမီကို အပြုံးလေးနဲ့ ခိုးကြည့်နေတာကို မြင်တွေ့ရပါတယ်။

play

 

သူတို့တွေ ဇာတ်ကားရိုက်နေစဉ် ပရိသတ်ကြီး အုံတိုးလာတာဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် ဂျေမီဟာ အပြာရင့်ရောင် ဝတ်စုံပြည့်ဝတ်လို့ နေကာမျက်မှန်ကိုတပ်ကာ ပရိသတ်နဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ဒက်ကိုတာကလည်း နီညိုရောင်ဂါဝန်လေးနဲ့ ချစ်စဖွယ် လှပနေပါတယ်။

play

 

ဂျေမီက ဖုန်းကို ငုံ့ကြည့်နေစဉ်မှာ မင်းသမီး ဒက်ကိုတာက မျက်လုံးတောက်တောက်တွေနဲ့ ဂျေမီ့ကို ကြည့်နေတာကို မြင်တွေ့လိုက်ရတာပါ။

play

 

သူတို့နှစ်ယောက် ဝရံတာမှာ စကားပြောနေကြရင်း ရယ်မောနေခဲ့ကြပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ