International Celebrity: လူမှုကွန်ရက်ပေါ်မှာ ပို့စ်တစ်ခုတင်ရုံနဲ့ ဒေါ်လာငါးသိန်းခွဲရနေတဲ့ ဆယ်လီနာဂိုးမက်

အင်စတာဂရမ်မှာ follower ပေါင်း ၉၀.၅ သန်း ရှိပါတယ်။

play

 

လူမှုကွန်ရက်လေ့လာဆန်းစစ်ရေးကုမ္ပဏီတစ်ခုရဲ့ သုံးသပ်ချက်အရ အင်စတာဂရမ်ဘုရင်မကြီး ဆယ်လီနာဂိုးမက်ဟာ သူမရဲ့ လူမှုကွန်ရက်ပေါ်မှာ စပွန်ဆာပို့စ်တစ်ခုတင်ပေးရုံနဲ့ ဒေါ်လာငါးသိန်းခွဲလောက် ရရှိလိမ့်မယ်လို့ ဖော်ပြလာပါတယ်။ D'Marie Analytics ကုမ္ပဏီက ဆယ်လီနာအပါအဝင် အခြားဆယ်လီတွေရဲ့ လူမှုကွန်ရက်အကောင့်တွေကိုလည်း ဆန်းစစ်လေ့လာခဲ့ပါတယ်။

play

 

ဆယ်လီတွေပီပီ လူမှုကွန်ရက်ပေါ်မှာ တစ်ခုခုတင်ရုံနဲ့ လူပေါင်းများစွာထံ ပျံ့နှံ့သွားတဲ့အပေါ် စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ထုတ်ကုန်တွေကို ဆယ်လီတွေရဲ့လူမှုကွန်ရက်ပေါ်ကတစ်ဆင့် ကြော်ငြာလာကြပါတယ်။ ဒီလိုမျိုးကြော်ငြာပေးရာမှာ ဆယ်လီနာဂိုးမက်ကတော့ ပို့စ်တစ်ခုကို ဒေါ်လာငါးသိန်းခွဲလောက် ရရှိလိမ့်မယ်လို့ ခန့်မှန်းတွက်ချက်တွေမှာ ဖော်ပြလာပါတယ်။

play

 

ကန်ဒဲလ်ဂျန်နာရဲ့ အင်စတာဂရမ်မှာ follower ၆၁.၇ သန်း ရှိနေပြီး သူမလည်းပဲ ပို့စ်တစ်ခုတင်ပေးရင် ဒေါ်လာ ၁၂၅,၀၀၀ မှ ဒေါ်လာ ၃၀၀,၀၀၀ ကြား ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ