International Celebrity: မော်ဒယ်မိခင်ကြီး နာအိုမီကမ့်ဘဲလ်ရဲ့ ဇာပါးပါးဖက်ရှင်

, updated

တခြားလူတွေ သူမလိုလိုက်ဝတ်ရင်တော့ ဂွမ်းသွားလောက်ပါတယ်။

play

 

ဖက်ရှင်နဲ့မော်ဒယ်လောကမှာ နာမည်ကျော်ကြားတဲ့ မော်ဒယ်ဂုရုကြီး နာအိုမီကမ့်ဘဲက လီယိုနာဒိုဒီကတ်ပရီယိုရဲ့ပွဲကို ဇာပါးပါးဖက်ရှင်နဲ့ တက်ခဲ့ပါတယ်။ ဗုဒ္ဓဟူးညက St Tropez မှာ ပြုလုပ်တာာဖြစ်ပြီး လီယိုနာဒိုရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပွဲလုပ်ရာမှာ အနုပညာရှင်တွေကိုပါ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၄၆ နှစ်ရှိနေသည့်တိုင်အောင် နာမည်ကျော်ကြားမှု ကျဆင်းမသွားတဲ့ နာအိုမီကမ့်ဘဲလ်ဟာ အဝတ်အစားနဲ့ဖက်ရှင်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သူမို့ သူမနဲ့အလိုက်ဖက်ဆုံးတွေကိုသာ ရွေးချယ်လေ့ရှိပါတယ်။

play

 

play

ယခုဝတ်ထားတဲ့ ဇာပါးပါးဖက်ရှင်ကိုလည်း တခြားလူတွေ လိုက်ဝတ်ရင် လှမယ်မထင်ပါဘူး။ နာအိုမီနဲ့ကျတော့ ဘာဝတ်ဝတ် တင့်တယ်နေတာလည်း သူမရဲ့ အရှိန်အဝါကြောင့်ဖြစ်မယ် ထင်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ