International Celebrity: ဇိမ်ခံရွက်လှေပေါ်မှာ ပါတီပွဲကျင်းပနေတဲ့ စူပါမော်ဒယ်များ

ပြင်သစ်နိုင်ငံတောင်ပိုင်း မြေထဲပင်လယ်နေရောင်အောက်မှာ ပျော်ရွှင်နေကြပါတယ်။

play

 

စူပါမော်ဒယ်တွေဖြစ်တဲ့ အလက်ဇန္ဒြားအမ်ဘရိုစီယို၊ ဂျုံးစမော၊ လီလီဒေါ်နယ်ဆန်နဲ့ ဆိုဖီယာရစ်ချီတို့ဟာ ဘီကီနီကိုယ်စီဝတ်လို့ ရွက်လှေကြီးတစ်စင်းပေါ်မှာ အပန်းဖြေနေကြပါတယ်။

မိန်းမလှလေးတွေနဲ့အတူ သူတို့ရဲ့ ချစ်သူတွေ ပါလာခဲ့ပြီး အားလုံးစုလို့ ပါတီပေးနေကြပါတယ်။

play

 

ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ အလက်ဇန္ဒြားဟာ သူမကို Victoria's Secret မော်ဒယ် ဖြစ်စေခဲ့တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပြသရင်း သူမရဲ့ ခင်ပွန်းလောင်း ဂျေမီမက်ဇာ၊ မော်ဒယ် သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးတွေ့ရပါတယ်။

play

 

လီလီဒေါ်နယ်ဆန်ကလည်း ပန်းရောင်ဘီကီနီလေးဝတ်လို့ သူမရဲ့ မော်ဒယ်ကောက်ကြောင်းကို ပြသခဲ့ပါတယ်။

play

 

ကုန်းပတ်ပေါ်မှာ ရေချိုးနေတဲ့ ဆိုဖီယာရစ်ချီဟာ အရောင်မတူတဲ့ ဘီကီနီလေးကို ဝတ်ထားတဲ့အတွက် သူများနဲ့မတူဘဲ တစ်မျိုးလေး ကွဲထွက်ပြီး ကြည့်ကောင်းနေပြန်ပါတယ်။

play

 

ဂျုံးနဲ့ လီလီတို့ဟာ ကုန်းပတ်ပေါ်မှာ ဆော့ကစားလိုက်၊ ဓာတ်ပုံအရိုက်ခံလိုက်နဲ့ နှစ်ယောက်အတူ ပျော်ရွှင်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။

play

 

ဒါ့အပြင် စူပါမော်ဒယ် အလှပဂေးလေးတွေဟာ အတွဲကိုယ်စီနဲ့ Jet Ski လည်း စီးခဲ့ကြပါသေးတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ