International Celebrity: ရုပ်ရှင်ရိုက်စဉ် အချိန်ပြည့်ဘော်ဒီဂတ်ထားလိုက်ရတဲ့ ဟယ်ရီစတိုင်

ပရိသတ်တွေ ဝိုင်းအုံလွန်းတဲ့အတွက် ထားလိုက်ရတာ ဖြစ်ပါတယ်။

play

 

Dunkirk ရုပ်ရှင်ရိုက်ကွင်းမှာ ပရိသတ်တွေရဲ့ရန်က ကာကွယ်ဖို့အတွက် One Direction စူပါစတား ဟယ်ရီစတိုင်တစ်ယောက် အချိန်ပြည့်ဘော်ဒီဂတ် ထားလိုက်ရပါတယ်။

အဖွဲ့ကနေ ခွဲထွက်ပြီး လမ်းကြောင်းသစ်ဖောက်ထွက်ဖို့ ကြိုးစားနေချိန်မှာ ပရိသတ်တွေနဲ့ ဝေးရာကိုတော့ ပြေးနိုင်ပုံမရပါဘူး။

play

 

"ပရိသတ်တွေက ဟယ်ရီကိုမြင်တွေ့ရဖို့ ရိုက်ကွင်းထဲထိ ဝင်လာတဲ့အတွက် သူ့နောက်ကနေ လိုက်ဖို့ အချိန်ပြည့်ဘော်ဒီဂတ်ထားလိုက်ရတယ်" လို့ အတွင်းလူတစ်ဦးက ပြောပြပါတယ်။

play

 

"သူ့ပရိသတ်က အိမ်အထိကို လိုက်လာကြတာ။ သူဘယ်မှာနေလဲဆိုတာ သိအောင်လုပ်ပြီး သူမရှိတာတောင် ဟိုတယ်အပြင်မှာ ထိုင်စောင့်နေကြတယ်" လို့ ထိုသူက ပြောခဲ့ပါတယ်။

ource & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ