International Celebrity: တေလာဆွစ်ရဲ့အိပ်မက်ဆိုးတွေကို ကာညေးဝက်စ်က အသက်သွင်းပေးခဲ့

တေလာဟာ သူမရဲ့ရုပ်/သံကို ခိုးပြီး မှတ်တမ်းတင်ထားမှာ အကြောက်ဆုံးပဲလို့ ၂၀၁၅ ခုနှစ်က ဝန်ခံခဲ့ဖူးပါတယ်။

play

 

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက Capital FM နဲ့အင်တာဗျူးမှာ တေလာဆွစ်က ခိုးပြီး မှတ်တမ်းတင်ခံရမှာ ကြောက်တယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။

"လူတစ်ယောက်က ကျွန်မအခန်းထဲမှာ လျှို့ဝှက်ကင်မရာတပ်ထားတယ်တယ်လို့ ကျွန်မ အမြဲခံစားရတယ်။ အဲဒါက ကျွန်မရဲ့ အကြောက်လွန်စိတ်တွေထဲက တစ်ခုပါပဲ" လို့ တေလာက ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

သူမနဲ့ ပြောဆိုထားတဲ့ စကားသံတွေကို ကာညေးဝက်စ်က မှတ်တမ်းတင်ခဲ့တာဖြစ်တဲ့အတွက် သူမရဲ့အိပ်မက်ဆိုးကြီးက အမှန်တကယ်ဖြစ်လာပါပြီ။

တေလာဆွစ်ကြောက်တဲ့ အရာတွေထဲမှာ သူမ မကျူးလွန်ဘဲ လူသတ်မှုမှာ ထောင်ခြောက်ဆင်ခံရမှာလည်း ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ နောက်ထပ်နိမိတ်တစ်ခု မဖြစ်စေဖို့တော့ ဆုတောင်းမိပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ