International Celebrity: တစ်ကိုယ်တော်ခွေထုတ်ဖို့ စာချုပ်ချုပ်လိုက်တဲ့ လီယန်ပင်းန်

လီယမ်ရဲ့ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်လာမှာပါ။

play

 

အနုပညာလှုပ်ရှားမှု တိတ်ဆိတ်နေခဲ့တဲ့ One Direction အဖွဲ့သား လီယန်ပင်းန်က တစ်ကိုယ်တော်ခွေ ထုတ်လုပ်တော့မှာပါ။ Capitol UK တေးသံသွင်းနဲ့ သီချင်းထုတ်လုပ်ဖို့ စာချုပ်ချုပ်လိုက်ပါပြီ။ သူ့ရဲ့ပထမဆုံးအယ်လ်ဘမ်အတွက် မကြာမီကာလအတွင်းမှာ အသံသွင်းမှုတွေ စတင်တော့မယ်လို့ သိရပါတယ်။

play

 

Capitol UK နဲ့ စာချုပ်ချုပ်ရလို့ ဝမ်းမြောက်မိတယ်လို့ လီယမ်ရဲ့တွစ်တာပေါ်မှာ ရေးထားပါတယ်။ ယင်းတေးသံသွင်းက အနုပညာရှင်တွေရဲ့ အံ့သြဖွယ်သမိုင်းကြောင်းတွေရှိနေတာကြောင့် သူလည်းပဲ ရှေ့ကအောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေရဲ့ ခြေရာကိုလိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း ဇူလိုင် ၂၁ ရက်က ရေးသားခဲ့တာဖြစ်ပါတယ်။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ