International Celebrity: ဂျိမ်းစ်ဘွန်းလုပ်ဖို့ အိုလွန်းနေပါပြီလို့ အဒ်ရစ်အဲလ်ဘာဖွင့်ဟ

ထုတ်လုပ်ရေးဘက်က သူ့ကိုအနည်းအကျဉ်းမျှ ကမ်းလှမ်းပြောဆိုတာမျိုး မရှိသေးပါဘူး။

play

 

ဒန်နီရယ်ကရစ်ခ်ျ လက်ပြနှုတ်ဆက်သွားပြီးကတည်းက ဂျိမ်းစ်ဘွန်းဇာတ်ကောင် သရုပ်ဆောင်သစ်ကို ယနေ့ချိန်ထိ အတိအကျ မသိရသေးပါဘူး။ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကလည်း အရိပ်အမြွက်မျှ ပြောကြားခြင်းမရှိသေးတာကြောင့် အမျိုးမျိုးထင်ကြေးပေးနေကြတဲ့အထဲမှာ ဗြိတိန်သရုပ်ဆောင် အဒ်ရစ်အဲလ်ဘာလည်း ပါဝင်လာပါတယ်။

play

 

လူတွေက ဘယ်လိုပင်ထင်ကြေးပေးပေး စိတ်လှုပ်ရှားပုံမရတဲ့ အဒ်ရစ်က သူ့အနေနဲ့ ဘွန်းဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ သိပ်ကိုအိုလွန်းပါပြီလို့ Good Morning America အစီအစဉ်မှာ ဖွင့်ဟပြောကြားလိုက်ပါတယ်။ အသက် ၄၃ နှစ်ရှိ စွယ်စုံရမင်းသားကြီးက သူ့ကို ဒန်နီရယ်ကရစ်ခ်ျနေရာမှာ အစားထိုးလိမ့်မယ်ဆိုတဲ့အကြောင်းအရာဟာ ကမ္ဘာ့အထူးဆန်းဆုံး ကောလာဟလသာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

" တကယ်ကိုရိုးရိုးသားသားပြောရရင် ဒီနေရာမှာပါဝင်ဖို့အတွက် ကျွန်တော်က အရမ်းအိုလွန်းနေလို့ထင်ပါတယ်။ ကားတွေ၊ အမျိုးသမီးတွေနဲ့ မာတီနီအရက်တွေကြားထဲလည်း မပြေးနိုင်ဘူး၊ ဘယ်သူကများ အဲ့တာကိုလုပ်ချင်လို့တုန်း၊ ကြောက်စရာကြီးပါဗျာ" လို့ ဟာသနှောပြီး ပြောခဲ့ပါတယ်။ ပရိသတ်တွေကသာ ဆန္ဒရှိနေပေမယ့် ထုတ်လုပ်ရေးဘက်က သူ့ကိုအနည်းအကျဉ်းမျှ ကမ်းလှမ်းပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။

Source : ABC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ