International Celebrity: ဂျိန်းဖောင်ဒါရဲ့ စေ့စပ်လက်စွပ်နဲ့မင်္ဂလာဝတ်စုံ လေလံပစ်မယ်

အေရိုးဗစ်လေ့ကျင့်ခန်းတွေကို အကတွေအသွင် မြူးမြူးကြွကြွဖြစ်အောင် ပြောင်းလဲခဲ့သူအဖြစ်နဲ့ သူမကို လူသိများပါတယ်။

play

 

ဟောလိဝုဒ်ဂန္ထဝင်သရုပ်ဆောင် ဂျိန်းဖောင်ဒါရဲ့ စေ့စပ်လက်စွပ်နဲ့ မင်္ဂလာဝတ်စုံကို လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ CNN သတင်းဌာနတည်ထောင်သူ တက်ဒ် တာနာနဲ့ လက်ထပ်မင်္ဂလာပွဲမှာ ဝတ်ခဲ့တဲ့ မင်္ဂလာဝတ်စုံကို လေလံပစ်မှာဖြစ်ပါတယ်။

play

 

ဘဲဥပုံကျောက်ကို စိန်နှစ်ပွင့်ရံထားတဲ့လက်စွပ်ကို ၁၈ ကာရတ်ရွှေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဒေါ်လာ ၂၀၀၀နဲ့ ဒေါ်လာ ၄၀၀၀ ကြား လေလံတင်သွားဖို့ရှိပါတယ်။ ဗစ်တိုးရီးယားစတိုင်လ် အဖြူရောင်ဂါဝန်ကြီးကို ၁၉၉၁ ခုနှစ် မင်္ဂလာပွဲမှာ ဝတ်ဆင်ခဲ့တာပါ။

play

 

တက်ဒ်ဟာ ဂျိန်းရဲ့ တတိယမြောက်နဲ့ နောက်ဆုံးခင်ပွန်းလည်းဖြစ်ပါတယ်။ ဂျိန်းဖောင်ဒါနဲ့ တက်ဒ်တို့ဟာ ၂၀၀၁ ခုနှစ်မှာ လမ်းခွဲခဲ့ကြပြီးနောက် အသက် ၇၈ နှစ်ထိတိုင်အောင် ဂျိန်းက တစ်ယောက်တည်းပဲ နေနေပါတော့တယ်။

Source : Express

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ