International Celebrity: ဘရာဇီး ကျေးလက်ဒေသကနေ ကမ္ဘာ့ထိပ်တန်း မော်ဒယ်စင်မြင့်ပေါ် အရောက်လှမ်းနိုင်ခဲ့သူ

အသက် ၂၅ နှစ်အရွယ် လိုင်ရိစ်ရီဘေရိုဟာ အခုဆိုရင် အအောင်မြင်ဆုံး မော်ဒယ်တစ်ယောက်ဖြစ်နေပါပြီ။

play

 

Chanel၊ Louis Vuitton နဲ့ Mar Jacobs တို့လို နာမည်ကျော်တံဆိပ်တွေအတွက် မော်ဒယ်ရှိုးလျှောက်ခဲ့တဲ့ လိုင်ရိစ်ရီဘေရိုဟာ မနှစ်ကစလို့ အဆင့်အတန်းမြင့်တဲ့ဘဝမှာ နေထိုင်နိုင်ခဲ့ပါပြီ။

အလက်ဇန္ဒြားလို့ခေါ်တဲ့ ၈ နှစ်အရွယ် သားတစ်ယောက်လည်းရှိတဲ့ ဘရာဇီးမော်ဒယ်ဟာ ပြီးခဲ့တဲ့ နွေရာသီက Victoria's Secret ရဲ့ နတ်မိမယ်သစ်တစ်ယောက် ဖြစ်ခဲပါတယ်။

play

 

အရပ် ၅ ပေ ၁၁ လက်မရှိတဲ့ လိုင်ရိစ်ဟာ အသက် ၁၈ နှစ်အရွယ်က နိုင်ငံအဆင့် ပြိုင်ပွဲတစ်ခုမှာ အနိုင်ရပြီးတဲ့နောက် ခင်ပွန်းမရှိ၊ အင်္ဂလိပ်စကားလည်း ကောင်းကောင်း မပြောတတ်ဘဲ ကလေးတစ်ယောက်နဲ့ နယူးယော့ခ်ကို တက်လာခဲ့ပါတယ်။

play

 

၂၀၁၀ ပြည့်နှစ်မှာ Bone ရဲ့ ဆောင်းဦးရာသီ/ဆောင်းရာသီ ဖက်ရှင်ပွဲမှာ လျှောက်လှမ်းနိုင်ခဲ့ပြီးတဲ့နောက် တခြားရှိုးပွဲတွေလည်း ဆက်တိုက် ရှိခဲ့ကာ နောက်ဆုံးမှာ Victoria's Secret မော်ဒယ်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ