AD
AD
AD
play

 

တေလာဆွစ်ဟာ အချစ်ရေးနဲ့ လူမှုရေးပြဿနာတွေ ရှုပ်ထွေးနေပေမဲ့ အချစ်ဆုံးသူငယ်ချင်းအတွက် အကောင်းဆုံးမွေးနေ့လက်ဆောင်စကားကို ပေးဖို့ မမေ့လျော့ခဲ့ပါဘူး။

play

 

တေလာဆွစ်ဟာ ဇူလိုင် ၂၂ ရက်မှာ ကျရောက်တဲ့ ဆယ်လီနာဂိုးမက်စ်ရဲ့ ၂၄ နှစ်မြောက် မွေးနေ့ကို အင်စတာဂရမ်ကနေ ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တေလာဆွစ်ဟာ သူတို့နှစ်ယောက် ဆယ်ကျော်သယ်အရွယ်က ရိုက်ကူးထားတဲ့ ချစ်စဖွယ်ဓာတ်ပုံလေးကို ဝေမျှရင်း ရင်ထဲကစကားကို ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

"ဆယ်လီနာဂိုးမက်စ် ၂၄ နှစ်ပြည့်ပြီမို့လို့ ဒီနေ့ ပုံဟောင်းတွေကို ကြည့်ဖြစ်တယ်" လို့ တေလာဆွစ်က ရေးသားထားပါတယ်။

"နင်မရှိတဲ့ ငါ့ဘဝကို တွေးလို့တောင်မရဘူး ဆယ်လီနာ..မွေးနေ့မှာပျော်ရွှင်ပါစေ" လို့ နှစ်ယောက်အတူ ရိုက်ကူးထားတဲ့ ပုံဟောင်းလေးကို ဝေမျှရင်း ပုံအောက်မှာ ရေးသားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD