International Celebrity: မိန်းမချောလေးတစ်ဦးနားက မခွာနိုင်ဖြစ်နေတဲ့ လီယိုနာဒိုဒီကက်ပရီယို

လီယိုနာဒိုရဲ့ ရန်ပုံငွေပွဲမှာ သူတို့နှစ်ယောက်ကို တတွဲတွဲ မြင်တွေ့ရတာပါ။

play

 

လီယိုနာဒိုမှာ သူ့ရဲ့နာမည်တဲ့  တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းတစ်ခုရှိပြီး နှစ်စဉ်ပြုလုပ်တဲ့ ရန်ပုံငွေပွဲကို သြဂုတ်လ ၂၀ ရက်က ပြုလုပ်လိုက်ပါတယ်။

play

 

အဲဒီညမှာ ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၄၅ သန်းခန့်ရလိုက်တဲ့ လီယိုနာဒိုဟာ ရန်ပုံငွေပွဲပြီးတဲ့နောက်  ကျင်းပလိုက်တဲ့ ပါတီပွဲကို ပျော်ပျော်ကြီးဆင်နွှဲခဲ့ပါတယ်။

ဒါ့အပြင် အသက် ၄၁ နှစ်အရွယ် မင်းသားကြီးနဲ့အတူ လှပတဲ့ မိန်းမချောလေးတစ်ဦးကိုလည်း မြင်တွေ့လိုက်ရပါတယ်။

play

 

အော်စကာမင်းသားကြီးဟာ မော်ဒယ် နီနာအက်ဒဲနဲ့ တွဲနေတယ်လို့ ယူဆရပေမဲ့ အခုတော့ မျက်နှာမှာ အပြုံးပန်းတွေဝေနေပြီး တခြားမိန်းမချောလေးတစ်ဦးဆီက မျက်လုံးမခွာနိုင်ဖြစ်နေတာကို မြင်တွေ့လိုက်ရပါတယ်။

play

 

မိန်းမချောလေးဟာ ဘယ်သူမှန်း မသိရပေမဲ့ ပြေပြစ်တဲ့အချိုးအစား၊ အနက်ရောင်ပခုံးပြတ် ဂါဝန်လေးနဲ့ လှပနေပြီး လီယိုရဲ့အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ