play

 

LOVE မဂ္ဂဇင်းအတွက် ကိုင်ရာဂါဘာနဲ့အတူ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ ကန်ဒဲလ်က သူမရဲ့စံပြပုဂ္ဂိုလ်ကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဂါဘာရဲ့မိခင် စင်ဒီကရော့ဖို့ဒ်ဟာ နှစ်ရှည်လများ စွဲလမ်းအားကျခဲ့ရတဲ့ သူမရဲ့စံပြပုဂ္ဂိုလ်လို့ ကန်ဒဲလ်ကဆိုပါတယ်။ အထူးသဖြင့် စင်ဒီကရော့ဖို့ဒ်ရဲ့ဖက်ရှင်တွေဟာ ကန်ဒဲလ်အတွက် အမြဲတမ်းစံထားစရာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ကန်ဒဲလ်ကိုဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းချိန်မှာ ကန်ဒဲလ်က သဘောတူလက်ခံခဲ့ပြီး သူမရဲ့သူငယ်ချင်း ဂါဘာနဲ့အတူရိုက်ချင်တယ်လို့ တောင်းဆိုခဲ့တယ်လို့ မဂ္ဂဇင်းအယ်ဒီတာက ပြောပါတယ်။

play

 

ဂါဘာကလည်း စင်ဒီကရော့ဖို့ဒ်နဲ့ တူလွန်းတဲ့အပြင် စတိုင်လ်ကလည်း မိုက်တာကြောင့် အသက် ၁၄ နှစ်နဲ့တင် မော်ဒယ်လောကကို ခြေချခွင့်ရနေသူပါ။ ကန်ဒဲလ်ဂျန်နာက ပရော်ဖက်ရှင်နယ်ဆန်ပြီး ချစ်ဖို့ကောင်းတယ်လို့ ဂါဘာကဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video