International Celebrity: ရုပ်သံစီးရီးမှာ သရုပ်ဆောင်ဦးမယ့် ရီဟားနား

Battle Ship ဇာတ်ကားမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

play

 

အဆိုတော်ရီဟားနားကို သရုပ်ဆောင်အဖြစ်နဲ့ ထပ်မံမြင်တွေ့ရပါဦးမယ်။ Bates Motel ဇာတ်လမ်းတွဲမှာ Marion Crane အဖြစ် ရီဟားနားကို ထည့်သွင်းရိုက်ကူးသွားမယ်လို့ Comic-Con က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ ၁၉၆၀ ခုနှစ် Psycho ဇာတ်ကားမှာ သရုပ်ဆောင် ဂျဲနက်လဲ့ရဲ့ နာမည်ကျော်ဇာတ်ရုပ်ကို ရီရီက ပြန်လည်အသက်သွင်းတော့မှာလည်း ဖြစ်ပါတယ်။

play

 

"ရီဟားနားက ဒီရုပ်သံစီးရီးရဲ့ ပရိသတ်တစ်ဦးလို့ကြားတယ်၊ ကျွန်တော်တို့ကလည်း သူမတို့နှစ်ယောက်လုံးရဲ့ပရိသတ်ဆိုတော့ ဒီလိုပြီးပြည့်စုံတဲ့တိုက်ဆိုင်မှုဖြစ်လာပြီပေါ့" လို့ ထုတ်လုပ်ရေးဘက်ကဆိုပါတယ်။

play
ရီဟားနားနဲ့အတူ သရုပ်ဆောင်မည့် Bates Motel အဖွဲ့သားများ

 

Bates Motel ဟာ စီးရီးလေးခု ထုတ်လွှင့်ပြီးဖြစ်ကာ ရီဟားနားက ပဉ္စမမြောက်စီးရီးမှာ ပါဝင်မှာဖြစ်ပါတယ်။

Source : E!

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ