International Celebrity: ချစ်ချစ်ခင်ခင် မြင်ရတဲ့ ရီတာအိုရာနဲ့အက်ရှလေဂရေဟမ်

တစ်ယောက်တစ်မျိုးစီ ဆွဲဆောင်မှုရှိကြပါပေတယ်။

play

 

America's Next Top Model ပြိုင်ပွဲမှာ ဒိုင်တွေအဖြစ် ပါဝင်ဆောင်ရွက်နေကြတဲ့ ရီတာအိုရာနဲ့ အက်ရှလေဂရေဟမ်တို့ဟာ မိတ်ဆွေရင်းတွေလို ခင်မင်မှုကို ရရှိသွားပြီလို့ ယုံကြရပါတယ်။ သောကြာနေ့မနက်ပိုင်းက ပြိုင်ပွဲမှာ ဒိုင်အဖြစ်ပါဝင်ခဲ့ကြပြီးနောက် ညပိုင်းမှာတော့ နှစ်ယောက်အတူ ညစာထွက်စားခဲ့ကြပါတယ်။

play

 

နယူးယော့ခ်က ပြင်သစ်-ဗီယက်နမ် စားသောက်ဆိုင်ကို နှစ်ယောက်တွဲ လာကြစဉ်မှာ လမ်းတစ်လျှောက် ခင်ခင်မင်မင် စကားတွေပြောလာတာကိုလည်း တွေ့ရပါတယ်။ ရီတာလို အလန်းစားအဆိုတော်လေးနဲ့ အက်ရှလေလို အကိတ်မော်ဒယ်တို့ အတူမြင်ရတာ မျက်စိပသာဒဖြစ်စရာပါပဲ။

play

 

ရီတာက အနီရောင်သားရေဂါဝန်လက်ပြတ်လေးကို ဝတ်ထားပြီး ခပ်ရင့်ရင့်နှုတ်ခမ်းနီက သူမရဲ့ဆွဲဆောင်မှုကို ပိုတိုးစေပါတယ်။ အက်ရှလေကတော့ အနက်ရောင်ဂါဝန်ကို ဝတ်ထားတာကိုတွေ့ရပါတယ်။ အက်ရှလေရဲ့ ဂါဝန်လေးက ရိုးမလိုနဲ့ ဆန်းတဲ့ ဒီဇိုင်းလေးပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ