International Celebrity: ကင်မ်ကာဒါရှီယန်နဲ့ ကယ်ဗင်ဟားရစ်တို့နဲ့ အတူ မွေးနေ့ကျင်းပနေတဲ့ ဂျနီဖာလိုးပက်စ်

ဂျနီဖာလိုးပက်စ်ရဲ့ အသက် ၄၇ နှစ်ပြည့်မွေးနေ့ပွဲ ဖြစ်ပါတယ်။

play

 

ရှိရင်းစွဲ အသက်ထက် များစွာနုပျိုလွန်းလှတဲ့ ဂျေလိုဟာ ဆယ်စုနှစ်ပေါင်းများစွာ အနုပညာလောကမှာ ကျင်လည်ခဲ့ပြီး နောက်ထပ်နှစ်ပေါင်းများစွာလည်း သူမရဲ့သီချင်းတွေကို ဆက်ပြီးကြားရဦးမယ့်ပုံပါပဲ။

ဂျေလိုဟာ သူမရဲ့ အသက် ၄ နှစ်ပြည့်မွေးနေ့ကို ဇူလိုင်လ ၂၃ ရက်က လက်စ်ဗီးဂက်စ်မှာ ဂီတလောကသား တသိုက်နဲ့ ကျင်းပခဲ့ပါတယ်။

play

 

လက်တင်အဆိုတော် ဂျေလိုဟာ သူမရဲ့ နာမည်ကြီးလှတဲ့ ကိုယ်လုံးအလှကို အညိုရောင် တစ်ဆက်တည်း ဝတ်စုံကျပ်လေးနဲ့ ထင်ရှားစေခဲ့ပါတယ်။

play

 

ကင်မ်ကာဒါရှီယန်နဲ့ တေလာဆွစ်ရဲ့ ရည်းစားဟောင်း ကယ်ဗင်ဟားရစ်တို့ ခြံရံပြီး မွေးနေ့ပွဲကို ကျင်းပရင်း ကင်မ်နဲ့ တေလာဆွစ်တို့ရဲ့ စစ်ပွဲမှာ ဂျေလိုကလည်း သူမနှစ်သက်ရာ ဘက်တစ်ဘက်ကို ရွေးချယ်လိုက်သလားပါပဲ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ